Saturday 19 June 2010

လက်တစ်စုံ


စကားတွေ အများကြီး မပြောတတ်ခဲ့ဘူး ...
ဒါပေမဲ့ ဒီလက်တစ်စုံက ခွန်အားတွေ ပေးခဲ့ဖူးတယ် ...
ငါတို့လက်တွေ တွဲထားနေတုန်း
လေပြေညှင်းလဲ တိုက်ခတ်လို့
ကလူကျီစယ်သွားလား သွားရဲ့ ...
လေနီကြမ်းလား
ဝင်ရမ်းသွားတဲ့အခါလဲ သွားရဲ့ ..
ဒါပေမဲ့ ငါမမှုခဲ့ဘူး ..
နွေးထွေးတဲ့ လက်တစ်စုံ ဖမ်းဆုပ်ထားခဲ့လို့ ပေါ့ ...
ကာရံမညီတဲ့ ကဗျာတွေလဲ သီကြူးဖူးတယ် ...
ပုံပြင်မဆန်တဲ့ ဇာတ်လမ်းတွေလဲ နားထောင်ဖူးတယ် ...
ဂဏန်းမပါတဲ့ ၀ှက်ဖဲတွေလဲ ကစားဖူးတယ် ...
လမရောက်တဲ့ တိမ်ဘက်ခြမ်းမှာလဲ အိပ်ခဲ့ဖူးတယ် ...
ဒါပေမဲ့ ယုံကြည်ချက်နဲ့ ဖြတ်သန်း
ဒီလက်တစ်စုံကို မှန်းရွယ်ခဲ့မိစဉ်ကပေါ့ ...
မျှော်လင့်ချက် မဲ့တဲ့အခါလဲ
ဒီလက်တွေ မြဲအောင် ဆုပ်ထားနိုင်ပါ့မလား တွေးရင်း
ဖြည်းဖြည်းချင်း ခွာချ
ပြန်မထနိုင်ခင်မှာပဲ
နင့်လက်တွေ တင်းတင်းလာဆုပ်ပြန်တယ် ....
အဲဒီခဏတော့
ဒီလက်အစုံနဲ့
ရွက်ကုန်ဖွင့်လို့ လျှောက်သွားချင်မိတယ် ...
 

8 comments:

Anonymous said...

အလဲ့ လင်းရေ

ကဗျာက တယ်ဟုတ်ပါလားလို့

ညီလင်းညို

လင်းခေတ်ဒီနို said...

ဲ့ ယုံကြည်ချက်နဲ့ ဖြတ်သန်း
ဒီလက်တစ်စုံကို မှန်းရွယ်ခဲ့မိစဉ်ကပေါ့ ...
မျှော်လင့်ချက် မဲ့တဲ့အခါလဲ
ဒီလက်တွေ မြဲအောင် ဆုပ်ထားနိုင်ပါ့မလား တွေးရင်း
ဖြည်းဖြည်းချင်း ခွာချ
ပြန်မထနိုင်ခင်မှာပဲ
နင့်လက်တွေ တင်းတင်းလာဆုပ်ပြန်တယ် ....
အဲဒီခဏတော့
ဒီလက်အစုံနဲ့
ရွက်ကုန်ဖွင့်လို့ လျှောက်သွားချင်မိတယ် ...

သိပ်ကောင်းတယ် မမရေ . . ကျွန်တော်အတွက် ခံစားချက်ထပ်တူကျစေတယ်ဗျာ

ခွန်သဒ္ဒါ said...

အတိတ်ကိုသတိရစေတယ်။
ခွန့်အတွက်တော့ အဲ့လက်တစုံက
လွတ်ချသွားခဲ့တာ အတော်ကြာပြီ.......

မောင်သီဟ said...

ငါ့အစ်မ ကဗျာလေးဖန်တီးထားတာ လှတယ်ဗျ
း) ခွန်အားဖြည့်ပေးမယ့်လက်တစုံဟာာာ
ဟူးးးးး

သဒ္ဓါလှိုင်း said...

ကဗျာလေးကိုခံစားဖတ်ရှုသွားပါတယ်..။

ခင်တဲ့
သဒ္ဓါ

ရေသန့်  said...

အရာရာဖြစ်စေတဲ့  လက်တစ်စုံပဲ ..

ဏီလင်းညို said...

လင်းရေ......

ကဗျာလေးကောင်းတယ်......။
အဟုတ်......ပြန်ကြိုက်ချင်လည်း....ကြိုက်ချင်လောက်စရာလေးဗျ......း))

ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

အစ်မလင်းကဗျာတွေကတော့ ရှယ်ပဲဗျို့ ...
အဆုံးသတ်ပိတ်လိုက်ပုံလေးက အတော်လှတယ် ..