Tuesday 8 June 2010

ကျိုက်ထီးရိုးဘုရားဖူး ဒုတိယနေ့

နောက်တစ်နေ့ အိပ်ယာထတော့ သိပ်နေမပူခင် ကျီးပါးစပ်လှိုဏ်ဂူ နဲ့ အနီးအပါး ဘုရားတွေကို ဖူးဖို့ ထွက်လာခဲ့တယ် … ကျွန်မတို့ ရောက်တဲ့ အချိန်က သူတို့အပြော တောင်ပိတ်ချိန်ကလဲ ဖြစ်ပြန် ၊ မိုးကျခါနီး ကာလလဲ ဖြစ်ပြန်ဆိုတော့ ဘုရားဖူး တော်တော်ပါးပြီး လူက ခပ်ရှင်းရှင်းပါ … သွားတဲ့ လမ်းတစ်လျှောက်လဲ လက်ဆောင်ပစ္စည်း ရောင်းတဲ့ဆိုင်တွေက တော်တော်ဝေးဝေးမှ တစ်ဆိုင်လောက်ပဲ ဖွင့်ကြတယ် … ဆိုင်တွေ တော်တော်များများလဲ ပိတ်ထားကြတာမို့ သွားတဲ့ တစ်လမ်းလုံး ကျွန်မတို့ အဖွဲ့ကလွဲရင် ဘယ်သူမှ မတွေ့သလောက်ပါပဲ … 


စားသောက်ဆိုင်တန်းမှာ နံနက်စာစားပြီး ဆင်းလာကြတဲ့ လမ်းတစ်လျှောက် ဆိုင်တန်းတွေကြား ဘုရားမုဒ်ဦးလေး တစ်ခုတွေ့လို့ ၀င်ဖူးဖြစ်တယ် … မြသပိတ်စေတီ ဆိုလားပဲ … (သေချာတောင် မမှတ်မိတော့ဘူး …)


အဲဒီ ဘုရားပေါ်မှာပဲ ဘုရား ရုပ်တုတွေလဲ ရှိသေးတယ်....

ကျွန်မတို့ ဘုရားဝင်ဖူးတော့ အဲဒီဘုရားပေါ်မှာ ကလေးတစ်သိုက် ဆော့နေကြတယ် … ဘုရားလဲဖူး ၊ ဓါတ်ပုံ ရိုက်နေကြတာတွေ့တော့ သူတို့တွေကို ဓါတ်ပုံရိုက်ပေးဖို့ ပြောတာနဲ့ ဓါတ်ပုံရိုက်ပေးဖြစ်တယ် … 


 ဓါတ်ပုံရိုက်ရင် လက်နှစ်ချောင်း ထောင်ရမယ်လို့ ဘယ်သူက သင်ပေးသွားတယ်မသိ … ပြောစရာ မလိုအောင် ကိုယ်စီ လက်ကလေးတွေ ထောင်လို့ … ပဲ အပြည့်နဲ့လဲ အရိုက်ခံတတ်ကြသေးတယ် … အဲဒါနဲ့ ထွေရာလေးပါး အင်တာဗျူးဖြစ်တယ် … သမီးနံမည် ဘယ်သူလဲ … သားနံမည်ဘယ်သူလဲ … ဘယ်နှစ်တန်း တက်နေလဲ … ဘာညာသာရကာပေါ့ … အိုး … နံမည်တွေကလဲ အလန်းတွေ … လေးလုံးတွဲအောက် မလျော့ကြဘူး … ဧည့်သည်တွေကိုလဲ ကျကျနန ဧည့်ထောက်ခံလို့ … ကျွန်မတို့ ဗျူးအပြီးမှာ ထိုင်များ တောင် ကန်တော့လိုက်ကြသေးတယ် … အကန်တော့ခံ ပုဂ္ဂိုလ်များကလဲ သိတတ်ရတော့တာပေါ့ … 

ခုခေတ်ကလေးများ ဒါလောက်ငယ်ငယ်လေးတွေက ရေလည်ပတ်လည် စကားတွေပြောပြီး သေချာ ဧည့်ထောက်ခံတတ်ကြတယ် … “ အန်တီရေ … နောက်နှစ်ကြရင်လဲ ဒီကို ဘုရားလာဖူးအုံးနော် … သမီးတို့ စောင့်နေမယ် “ တဲ့ … ကဲ ..ပြောတတ်ပုံများ … ကျွန်မတို့ ငယ်ငယ်ကနဲ့များ ကွာပါ့ … ကျွန်မတို့တွေလဲ “ အင်း … အင်း … လာခဲ့မယ် … စောင့်နေနော် … “ ဆိုပြီး ပုံပြောပစ်ခဲ့တယ် … ဘယ်တော့မှ ပြန်ရောက်နိုင် မယ်မှန်း မသိလို့လေ … 


အဲဒီက ဆင်းတော့ ကျီးပါးစပ် လိုဏ်ဂူဘက် ဆက်သွားဖြစ်တယ် … ကျီးပါးစပ် လှိုဏ်ဂူ ရောက်တော့ ထုံးစံအတိုင်း အကြွေစေ့လဲ … လိုရာ ဆုတောင်းပြီး ပစ်လို့ ကျီးပါးစပ် ဆိုတဲ့နေရာ ၀င်ရင် ဆုတောင်း ပြည့်တယ်ပေါ့ … ဟုတ် မဟုတ်တော့ မသိဘူး … ဒီလိုပဲ ပစ်နေကြတာပဲလေ … 

အဲဒီကနေ ပြန်တက်လာတော့ အဆင်းတုန်းက မသိသာပေမဲ့ အတက်ကြတော့ အမောသား … အပေါ် ပြန်ရောက်အောင် သုံးနေရာလောက် နားခဲ့ရတယ် … 


အပေါ်နားမှာ ရှိတဲ့ ဘုရား ၀င်ဖူးဖြစ်တယ် … လှိုဏ်ဂူကလေး ထဲမှာပဲ ...

ဒါက မုဆိုးကြီး ဒူးထောက်တဲ့ နေရာ ဆိုလားပဲ … 

ဘုရားဖူးပြီး အခန်းပြန် နားကြတယ် … ကျွန်မတို့လဲ အခန်းပြန်ရောက်ရော မိုးတွေ ရွာပါတော့တယ် … ညနေပိုင်း နားပြီးတော့ စားသောက်ဆိုင်တန်း ရောက်ကတည်းက စားဖြစ်တဲ့ ဆိုင်လေးမှာ ညစာ သွားစားကြတယ် … ဆိုင်တိုင်းနီးပါး ကိုရီးယားကား ထဲကလိုပဲ တင်ပျဉ်ခွေ ထိုင်စားလို့ ရတဲ့ ခုံတန်းလေးတွေ ရိုက်ထားကြတယ် … ဒါပေမဲ့ တစ်ခုံ နှစ်ယောက်ပဲ ဆန့်တာမို့ အဖွဲ့လိုက်သမားဆို အဲဒီနေရာမှာ သိပ်အဆင်မပြေလှဘူး … 


ကျွန်မတို့တော့ အဲဒီခုံတန်းလေးမှာ တင်ပျဉ်ခွေထိုင်ပြီး စားကြည့်ခဲ့တယ် … ပိုက်ဆံရှင်းရင်း မနက်ပြန်တော့မယ် နှုတ်ဆက်ကြတော့ မိုးရွာထားလို့ ရာသီဥတု သိပ်အေးနေပါတယ်ဆိုမှ ဆိုင်က ကောင်မလေး လောကွတ်ချော်ပြီး ရေခဲစိမ် ရေသန့်ဗူး လက်ဆောင်ပါတဲ့ … နောက်တစ်ခေါက် လာရင်လဲ သူတို့ဆိုင် လာစားနော်တဲ့ … 


ဘုရားပေါ် တစ်ခါတက်ပြီး ဘုရားဖူးကြတယ် … မိုးရွာထားတော့ ဒီနေ့လဲ မြူတွေ ဆိုင်းပြီး ဘုရားပုရ၀ဏ်မှာ တိမ်တွေဖြတ်ပြေးနေတာ ကြည့်ရင်း လှေခါးထစ်တွေပေါ် ဆင်းထိုင်ဖြစ်တယ် … တိမ်တွေထဲမှာ ထိုင်နေရတဲ့ အရသာ ဘာနဲ့မှ မတူဘူး … ထိုင်နေရင်းနဲ့ တိမ်တွေလွင့်သလို စိတ်တွေလဲ ဟိုရောက်လိုက် ၊ ဒီရောက်လိုက် … ဟိုဒီငေးမောလိုက်နဲ့ တော်တော်နဲ့ ထမပြန်နိုင်ခဲ့ဘူး …


 ထုံးစံအတိုင်း တော်တော် မှောင်ပြီး ရာသီဥတုကလဲ တော်တော်အေး နေတာမို့ ပြန်လာခဲ့ရတယ် … မနက် အိပ်ယာနိုးလို့ တောင်အောက်ဆင်းလာတော့  အသွား ၊အပြန် ဖြတ်လာတဲ့ ဘုရားဖူး ကားမမီတာမို့ ကျိုက်ထို - ရန်ကုန် ကား နဲ့ပဲ ပြန်လာဖြစ်တယ် ...

7 comments:

khun thadar said...

မလင်းရေ...
အစ်မပို့စ်ကိုကြည့်ပြီး ဒီတခေါက်ခွင့်ယူပြီးပြန်ရင်
သွားဖြစ်အောင်သွားမယ်လို့ ဆုံးဖြတ်လိုက်ပြီ.... :)

ကလေးတွေပုံတအားချစ်ဖို့ကောင်းတယ်။
အစ်မပြောသလို အတတ်လေးတွေဖြစ်မယ့်ပုံ။

ဒီမှာလည်းတက်လို့ရတဲ့တောင်တွေရှိပေမယ့်
ကျိုက်ထီးရိုးက အပေါ်ေ၇ာက်လို့ဘုရားမြင်လိုက်တာနဲ့
မောလာခဲ့သမျှအကုန်ပြေတယ်နော်...
အဲ့feelဘာနဲ့မှမတူဘူး။ ဒီမှာလည်းရဘူး။
ပြန်မျှဝေတာကျေးဇူးပါ အစ်မရေ.....

သူရိန်မင်း said...

ကလေးတွေက ချစ်စရာလေးတွေ . . .

Anonymous said...

အေး.. ငါလည်း နင်ရေးတာဖတ်၊ နင့်ဓာတ်ပုံတွေ ကြည့်ရတာကျိုက်ထီးရိုးဘုရားသွားဖူးချင်စိတ်ပေါ်လာပြီ။ .


K

သူရိန်မင်း said...

ဟင်းတွေက တရုတ်စာ ပြီးတော့ ငါးပိရည်နဲ့ တို့စရာ ဘယ်လို စားကြလည်းမသိဘူး။ :D

~ဏီလင်းညို~ said...

လင်းရေ......

အပြေးအလွှား..ဘုရားလာဖူးသွားတယ်......။
ကလေးလေးတွေကတော့ အဟုတ်ဗျား.....
သနားစရာ...... ချစ်စရာလေးတွေ.......း))
(မြူတွေဝေေ၀နဲ့ ဘုရားပုံလေးလည်း ကောင်းတယ်.......)

ခင်မင်တဲ့
ဏီလင်းညို

မောင်သီဟ said...

ဘုရားလာဖူးသွားတယ် အစ်မရေ...ဒီဇင်ဘာသွားမယ်ဗျး)

blackroze said...

အမရေ....ကျိုက်ထီးရိုးဘုရားသွားဖူးခဲ့ရတာတွေ
လွမ်းတယ်အမရာ....
ဒီတခေါက်ရန်ကုန်ပြန်ဖြစ်ရင်ဒီဇင်ဘာလောက်ပြန်မယ်
ကျိုက်ထီးရိုးဘုရားရောက်အောင်သွားမယ်