Tuesday 3 November 2009

လွန်ဆွဲပွဲ



လူမှုဘ၀ နေထိုင်ကြ
တရားတစ်ဘက်
ဓါးတစ်ဘက် တဲ့
ကိုယ်ဆိုတဲ့ ကလေးမ
ဆပ်ကပ်ပညာလဲ မတတ်
ဒါနဲ့များ …..
ဓါးသွားထက် တက်နေသေး…
ဘယ်လို အတွေးမျိုးနဲ့ရယ်မသိ
ပြန်စဉ်းစားကြည့်တော့
မနက်ဖြန်ဆိုတာ မရှိတော့သယောင်...
အလင်း ၊အမှောင်တွေကိုလဲ မသိတော့သယောင်...
ခပ်ကြောင်ကြောင် အတွေးတွေနဲ့ …
အမှတ်မရှိ ရူးမိုက်ချင်နေတုံး…..

13 comments:

မောင်သီဟ said...

လူ့ဘဝကြီးမှာဗျာ
ကလေးတဖက်
အကြွေးတဖက်နဲ့
ဘကြိုင်ဆိုတဲ့ကျွန်တော်
ပညာနတ္ထိဘာမှမရှိ
လုပ်တာက တောက်တိုမယ်ရ
ဒါနဲ့များ သူဌေးသမီး
မှန်းမိသေးတယ်
ပြန်တွေးကြည့်တော့
အနူလက်နဲ့ ရွှေခွက်နိုက်မဲ့
ငါပါလား...........

လွန်ဆွဲပွဲ ကဗျာလေးဖတ်ပြီး အားကျလို့ဗျာ
ကဗျာတပုဒ်ရေးသွားတယ်
း)

သားကြီး said...

wowww!!!
wowwww!!!!!!
မော်ဒန်တွေပါလားဗျိုးးးးးးးးးးးးးးးး
လန်းတယ်ဟ နေဦး
ဖတ်လိုက်ဦးမယ်

သားကြီး said...

တရားတစ်ဖက် ဓါးတစ်ဖက်ဆိုရင်
ဓါးနေရာမှာ ပုတီးကိုအစားထိုးလိုက်ပါလား
အဲဒါဆို တရားရယ် ပုတီးရယ်ပေါင်းပြီး
လောကကြီးလည်း သဟဇာတညီမျှလှပသွားမယ် :P

သားကြီး said...

ဆပ်ကပ်မတတ်လည်းရတယ်လေ
onlineမှာ chatingတတ်ရင်ရပြီ
ဓါးသွားထက်တက်မနေပါနဲ့
အန္တာရာယ်များပါတယ်
onlineထက်ပဲတက်နေပါ နော် :P

သားကြီး said...

လင်းခြင်း မှောင်ခြင်းကို ကိုယ်လည်းခုထိမသိသေးဘူး
မျက်လုံးထဲမှာပေါ်တိုင်းယုံလိုက်လို့တော့
ဘယ်ရမလဲလေ
လောကသည်မာယာနှင့်မွှန်းဝေလွန်းလေစွ :P

linn said...

အဟက် ..အစိကိုသားကြီးရေ..
တရားမရှိလေတော့ ဓါးသွားထက်က ပျားရည်စက်တွေကို အဟုတ်မှတ် မှတ်နေလို့ ..ပုတီးကိုင်ဖို့ကျရင် နေ့ရွှေ့ ညရွှေ့ တော်တော်ဆိုးတဲ့ ကလေးမပါ ..

လင်းကြယ်ဖြူ said...

ခံစားခက်တွေ အပြည့်နဲ့ ရေးထားတဲ့ကဗျာလေးပါလား
ခံစားချက်တစ်ခုခု ကို ရသပေးပါတယ်...
ပျော်ပါစေ

သိင်္ဂါကျော် said...

မနက်ဖြန်ဆိုတာလည်း မသေချာတဲ့ အရာဆိုတော့ မစဉ်းစားတာပဲ ကောင်းပါတယ်..

သားကြီး said...

လွန်ဆွဲတော့ပြီးသွားပြီ
မိုးကောမရွာသေးဘူးလား :P

~ဏီလင်းညို~ said...

အပေါ်က ကိုသားကြီးပြောသလိုပဲ...။
အသစ်ရေးပါဦးဗျာ...။
(ကဗျာလေးကို ကိုယ်နားလည်သလို ဘာသာပြန်ရင်း ဖတ်သွားတယ်ဗျာ...။ ကောင်းတယ်...)

Beauty Studio USA Branded Store said...

ကဗျာထဲက အတွေးလေးက ထဲထဲဝင်ဝင်ရှိလိုက်တာ လင်းရေ။

မေသစ္စာမောင် said...

လင်းရေ ကဗျာလေးဖတ်ပြီး ခံစားချက်တွေတူနေသလိုပဲ..။

ဒီမှာလည်း
ခပ်ကြောင်ကြောင် အတွေးတွေနဲ့
အမှတ်မရှိ ရူးမိုက်ချင်နေတုံးလေ...။

linn said...

ဘလော့ဂ်ဂါ အစ်ကို တစ်ယောက် ဒီကဗျာလေးဖတ်ပြီး လာအားပေးထားတာ ..စီဘောက်စ်ထဲဆိုတော့ ပျောက်သွားမစိုးလို့ .. ကောမန့်မှာ လာသိမ်းတာ ...

TR: ဘာလို့အမှတ်တွေ ရှိနေမှာလဲ မှတ်ထားရတာတွေ များရင် နောက်ထပ် ဘယ်မှတ်လို့ရတော့မလဲ အကုန်လုံး shift+delete သာလုပ်ပစ်လိုက် :D

အဲဒီ အစ်ကို ပြောသလိုပဲ ဖြစ်နိုင်ရင်တော့ မမှတ်ချင်တာတွေကို shift + delete လုပ်ပစ်လို့ရရင် ကောင်းမယ် ... တကယ်တမ်းတော့ စာရွက်ပေါ် မင်ထင်ရုံရေးထားခဲ့တာတွေ မဟုတ်တော့ ဖျက်ဖို့ မလွယ်ဘူးလေ ..( လူက စာရွက်မှ မဟုတ်တာ ...) ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် လာအားပေးတာကို ကျေးဇူးတင်ပါတယ် ... ဘ၀မှာ မလုပ်နိုင်တာတွေ မလုပ်တတ်တာတွေကလဲ တော်တော်များနေသေးတာပဲ .........