Thursday 10 September 2009

အလွမ်းဖြေ...



ပန်းတွေက နုသစ်ဝေ
ပင်ယံထက်မှာ လှတာမို့
ပွင့်နိုင်သမျှ

လေရူးတဲ့ နွေဦးရာသီကြားဝယ်

သတိခါခါရပေမဲ့

အလှတွေ ပျက်မှာကြောက်တာနဲ့

ခူးယူဖို့ ငဲ့ ...

ပန်းတွေက ဖူးပွင့်ဝေ
ခူးခြွေသူ မရှိတာမို့

ပွင့်လေသမျှ

လွင့်ကြွေလေ မိုးရေကြားဝယ်

သတိခါခါရပေမဲ့

ချူချင်သူ ကင်းကာမဲ့

လွမ်းဖို့ကခက်...

ပန်းတွေကကြွေ
အလွမ်းဖြေစရာမရှိတာမို့

ပန်းလေသမျှ

ချမ်းလေလေနှင်းတွေကြားဝယ်

သတိခါခါရပေမဲ့

နမ်းရှိုက်သူကင်းကာမဲ့

လွမ်းဋီကာချဲ့ ...


ဒီကဗျာလေးကို သူငယ်ချင်းတစ်ယောက်က အဆုံးသတ်အပိုဒ်လေးပဲ ရေးထားတာနဲ့ ဖြည့်စွက်ပြီး ရေးလိုက်
ပါတယ် ...
ပွင့်ဖို့ ကြွေဖို့လွယ်တဲ့ စကား ပန်းပင်လေးကို ဒီဆိုဒ် ကနေ ကူးယူ အသုံးပြုပါတယ် ...







4 comments:

သားကြီး said...

စကားပန်းပင်လေးဆိုတော့ ငယ်ဘဝကိုလွမ်းသွားတယ်
ကဗျာထဲမှာတရားသဘော ဒဿနတွေပါနေသလိုပဲ
ပွင့်ပြီးရင်တော့ ကြွေကြရမှာပါပဲ

Anonymous said...

အနီရောင် စာတွေက ယောက်ျားလေးဖက်
အပြာရောင်စာတွေက မိန်းကလေးဖက်
အဲလို သတ်မှတ်ပြီး ဖတ်သွားတယ်...
လာဖတ်တာ (၃ )ခါ ၇ှိပြီဟ

k
setting ထဲဝင်ပြီး Word verification ကို ဖြုတ်လိုက်ပါဟာ...

maylay said...

အလှပျက်မှာ ကြောက်တာနဲ့ ခူးယူဖို့ ငဲ့။ ချူချင်သူကင်းကာမဲ့ လွမ်းဖို့ကခက်။ နမ်းရှိုက်သူ ကင်းကာမဲ့ လွမ်းဋ္ဋီကာချဲ့။
အဲဒီနေရာလေးတွေ မှာ မျှော်လင့်၊ စောင့်စား၊ မောလျ၊ သဘာဝရော ဒဿနကိုပါ တွေ့သလိုပဲ လင်းကရေးတတ်လိုက်တာ။

သားကြီး said...

ဒီနေ့sunday ဘယ်မှသွားဘူးလား