Monday 14 September 2009

သူငယ်ချင်းချစ်သူ


တွေ့စ ခင်စ
စတွေ့ကြတော့
စခင် သိကျွမ်း
ကြင်နာ လွမ်းကြည့်
သူငယ်ချင်း ဖြစ်၏...တဲ့ .......

သံယောဇဉ်များ

နှောင်တွယ်ထားလို့
ရက်လ ရှည်ကြာ
ခိုင်မာနှောင်ကြိုး
လွမ်းတွေတိုးတော့
ချစ်သူဖြစ်ဖို့ ပျိုးချင်သည် ...တဲ့.....

သို့ပါသော်ငြား
" သူငယ်ချင်းတစ်ယောက်ဆီက
ချစ်တယ်ဆိုတဲ့စကား
ကြားမိရင်များ
သေမလောက်ကြောက်တယ် " ဆိုတဲ့
ကောင်မလေးစကား

နားမှာကြားလို့
ရှေ့တိုးမဲ့ခြေလှမ်း
နောက်ပြန်စမ်းလို့
သူငယ်ချင်းဘေး တိတ်တိတ်ကလေးရပ်
နှလုံးသားကို သော့ခတ်
ကျွန်တော်မဟုတ်တတ်သလိုနဲ့နေခဲ့ရပြီမို့
ပြောင်းလဲဖို့ရာ မတက်သာလို့
သူငယ်ချင်းလိုပဲ ဆက်ခင်စေချင်တာ...တဲ့ ......

ဒီကဗျာလေးကို ကို (ရန်ကုန်သား) ရဲ့ မာနသင့်တဲ့ပန်း ကို ဖတ်ပြီး ရေးချင်စိတ်ပေါ်လာလို့ ချရေးလိုက်တာပါ ...
(အဟီး ..ကျွန်မရေးလိုက်မှ ကို (ရန်ကုန်သား)ရဲ့ ၀ထ္ထုလေးအရသာပျက်သွားမှာစိုးလို့ ဒီနေရာကနေလဲ တောင်းပန်ရင်းပါ ...)
ကို (ရန်ကုန်သား) ရဲ့လက်ရာတော့ အားလုံးဖတ်ဖူးကြပြီးသားမို့ ကောင်းမှန်းသိမှာပါ...
အရသာပျက်သွားခဲ့ရင် ကျွန်မရဲ့ ကဗျာရေး မကျွမ်းကျင်မှုကြောင့် ဆိုတာ ၀န်ခံပါရစေ...
ပုံလေးကို ဒီဆိုဒ် ကလေး ကနေ ကူးယူအသုံးပြုပါတယ် ...

7 comments:

Anonymous said...

တို့ကတော့ ပြောပစ်လိုက်တာပဲ.....။ ချစ်တယ်ဟေ့......... လို့။

k

maylay said...

လင်းရေ ဖတ်သွားတယ်။ ကဗျာက ကောင်းတယ်လေ မလိုမပိုဘူး မိုက်တယ်။ မေလေးလည်း ခုတလော လူက မအားတာနဲ့ မရေးအားဘူးရယ်။ အိမ်တွေကိုတောင် လုပြိး လည်နေရသေးတယ်။ ဟေ့ရောင် နာတော့ ချစ်တယ်လို့ပြောမှာကို မစောင့်တော့ဘူး။ ချစ်တယ်မဟုတ်လား မေးပလိုက်မှာ (ပြောသာပြောရ မေလေးက ဟီးးးးး ကြောက်တယ် သူ့ဘယ်သူက ချစ်နေလို့လဲ မေးခံရရင် မမိုက်ဘူး) အဲဒီတော့ နင်သည်လည်း နင်။ ငါသည်လည်း ငါ ပဲ နေလိုက်ပါတော့မယ်.

လင်းကြယ်ဖြူ said...

သူငယ်ချင်းဆိုတဲ့ စကားက မိတ်ဆွေဆိုတာထက်ပိုလေးနက်ပါတယ်..
မိတ်ဆွေဆိုတာ မေးထူးခေါ်ပြော မျက်မှန်းတမ်းမိရင် မိတ်ဆွေဖြစ်ပြီပေါ့
သူငယ်ချင်းဆိုတာကတော့....
ရင်ဘတ်တူမှ....
နားလည်တတ်မှ..
ခံစားပေးတတ်မှ..
ရပ်တည်ပေးနိုင်မှ...စတဲ့...
ဂုဏ်ဒြပ်တွေ ချင်ခင်မှုနဲ့ အချင်းချင်း စီးဆင်းပေးနေကြတယ် လို့ထင်ပါတယ်..
ပျော်ပါစေခင်ဗျာ
လင်းကြယ်ဖြူ

yangonthar said...

ရပါတယ်ဗျာ အောက်မှာ ဖော်ပြထားပေးတာကိုပဲ ကျေးဇူးတင်ပါတယ် အဲဒီပိုစ့်က Shock ရှိတယ် ဟဟ :)))) ကျေးဇူးတင်ပါတယ်ကဗျာလေးလည်းကောင်းပါတယ် ပိုပြီး ကျစ်လျစ်သွားတာပေါ့ :)))
အဆင်ပြေပါစေ
ရန်ကုန်သား

ဝက်ဝံလေး said...

လင်းရေ ရောက်တယ် ဖတ်တယ် မန့်တယ်နော်

ဒါနဲ့ မလာတော့ဘူးလားဆိုတာ မစနေ စီဘောက်ကို ပြောတာလား မအားလို့ပါ ကျောင်းက ပြန်ရောက်တော့ ညနေ ၅ နာရီ ဖြစ်နေတော့ အားလုံး အိပ်ကုန်လို့မလာဖြစ်တာ invite လုပ်ထားတယ် ပြောတာလား မေးလ်တောင် မဝင်ရသေးဘူး ဟိဟိ အဆက်လုပ်လိုက်မယ်နော် ဘိုင် တာ့တာ

chartgye said...
This comment has been removed by a blog administrator.
သားကြီး said...

ကိုရန်ကုန်သားရေးတဲ့ပိုစ်ကိုဖတ်ဖူးပါတယ်
ဒီကဗျာက ပိုစ်ကိုဘာမှထိခိုက်တယ်လို့မယူဆပါ
သူကိုယ်တိုင်တောင်ပြောသွားပြီလေ
ပိုတောင်ကျစ်လျစ်သွားသေးတယ်လို့
ကောင်းပါတယ်ခင်ဗျာ