Thursday 3 September 2009

အကျည်းတန်ညများစွာ.....

နွေညများလဲ ပူပြင်းလွန်းလို့
အိပ်စက်မရ
အိပ်ပျက်ညများစွာ
ဖန်တီးရက်ခဲ့
သူ့ လှည့်ကွက်တွေများလား.....
တိတ်ဆိတ်ခြောက်ခြား
မိုးညများလဲ
မိုးသံတွေကြား
ဝိုးတ၀ါးနဲ့
အိပ်စက်မရ
အိပ်ပျက်ညများစွာ
ခြောက်ခြားတုန်လှုပ်
သူ မလုပ်ခဲ့သလိုနဲ့
အိပ်ခက်လိုက်တာ.....
အေးစက်မည်းမှောင်
ဆောင်းညများလဲ
ညတာရှည်လျား
ဖြတ်ကျော်လွှားဖို့
ခက်လွန်းအားကြီး
အိပ်ခက်ပြန်ပြီ
ညများတွေရယ်
ကျော်ဖြတ်ချင်တယ်...
ကြိုးစားနေလဲ
အချည်းအနှီးမို့
စိတ်ပျက်မိတယ်
ကိုယ့်ကိုယ်ကိုကွယ်.....
ကံကြမ္မာရယ်
တစ်ခုတော့ တိုးတိတ်တိတ်
မေးလိုက်ပါရစေ.....
နွေ၊ မိုး၊ ဆောင်း၊ ဥတုသုံးပါး
အပိုင်စားယူထားတာ
ဘယ်သူပါလဲ...လို့.....

3 comments:

Unknown said...

ငါလေ... :P

Unknown said...

နင့်ရဲ့ Word verification ကြီး ဖြုတ်လိုက်ပါလားဟာ....
spam တွေ မလာလောက်ပါဘူး...

ချစ်တီး said...

လာရောက်ပီးတော့ဖတ်သွားပါတယ် ကောင်းပါတယ်