Tuesday 1 September 2009

အိပ်မက်

လျှောက်ခဲ့တဲ့လမ်း

ပင်ပန်းလွန်းလို့

လရိပ်မှာ ခဏလောက်

အိပ်စက်မယ်

စိတ်ကူးမိခိုက်

မော့ကြည့်လိုက်တော့

လမင်းကြီးခမျာ

တိမ်ညိုတွေ ဖုံးလို့

သာနိုင်ရှာဘူး...

မှောင်သောလမ်းမှာ

စမ်းတ၀ါးမို့

ကြယ်စင်လေးများ

အားကိုးရငြား

စဉ်းစားလိုက်လဲ...

လမ်းပြကြယ်လေး

သူ့ခမျာလဲ

သူ့လမ်းသူလျှောက်

သူကိုယ်တိုင်ဖောက်လို့

ကိုယ်ပိုင်အလင်း

ရရှိလင်းဖို့

ကြိုးစားနေလို့

လှမ်းလက်ရယ်

ကမ်းဖို့ခက်နေရှာ.....

4 comments:

ဝက်ဝံလေး said...

ရောက်ပါတယ် ချင့် ကဗျာလေးလဲ ခံစားသွားပါတယ်နော်
ပျော်ရွှင်ပါစေ ကွယ် ဘိုင် တာ့တာ

မေသစ္စာမောင် said...

ပြန်လာလည်သွားပါတယ်..။
ဆက်ရေးပါ အားပေးနေမှာပါ :)

Unknown said...

c box ထည့်ပါဦး သူငယ်ချင်းေ၇....။
ဖြည်းဖြည်းပေါ့နော်....။

သက်တန့်ချို said...

အားပေးနေပါတယ်..သယ်ရင်းရေ..စီဘောက်ထည့်ပါအုန်းနော်...လိုအပ်ရင် thettantchocho@gmail.com ကိုဆက်သွယ်လိုက်ပါ...