Wednesday 2 December 2009

အဖြူရောင်သံစဉ်များ အပိုင်း (၂)

HAPPY BIRTHDAY !

                        ဒီနေ့ ကျွန်မ သူငယ်ချင်းလေး မွေးနေ့ပေါ့ ... ကျွန်မ သူငယ်ချင်းတွေ အကြောင်း ရေးမယ်လို့လဲ ကြေငြာ ရော ကြောက်အား လန့်အားနဲ့ ဒီလို ပြောလာရှာတယ် …

thurein: တစ်ယောက်ချင်းစီ အကြောင်းလေးတွေ ရေးမယ်လို့ စိတ်ကူးထားပါတယ်....( မြှောက်ပင့် ရေးသားမှု ကိုသာ အလိုရှိပါတယ်....ဟီး)
7:17 AM me: ဟမ်..
ပြောထားတယ်လေ..
လာဘ်ထိုးဖို့တော့လိုလိမ့်မယ်... လို့
7:19 AM thurein: ဟီး...ဘာလိုချင်လဲ Cygnus တော့ မပေးနိုင်ဘူး ...
me: အဲဒါမှ အဲဒါပဲ ..
လုံးဝမလျှော့ဘူး
7:20 AM thurein: ဟားဟား

                          ဒီနေ့ ၊ ဒီရက်မို့ စိတ်ချမ်းသာပါစေတော့လို့ မကောင်းကြောင်းများ အကုန်    မဖေါ်သေးပါ… နောက် အလျင်းသင့်လျှင် သင့်သလို ဖေါ်ပါမည် ။ :D ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် မွေးနေ့ဆုတောင်းကလဲ ထည့်ချင်တယ် … အဖြူရောင်သံစဉ်များရဲ့ အပိုင်းကလဲ (၂) ဖြစ်နေတယ် … (၂ ) နဲ့ကို မလွတ်နိုင်ဘူး ရှိမယ် … မရည်ရွယ်ပါပဲ တိုက်ဆိုင်သွားတယ် … အမှတ်တရပေါ့ … ကျွန်မရဲ့ သူငယ်ချင်း အရင်းများထဲမှာ တိုက်တိုက်ဆိုင်ဆိုင် မွေးရက်တူတာ ခုသူငယ်ချင်းရယ် ကျွန်မရယ် .. သူငယ်ချင်း “ A ” ရယ် သုံးယောက် … အင်း ..ဒါ့အပြင် ဒီသူငယ်ချင်းလေးက ဟိုတလောလေးက ရှာဖွေ စုဆောင်းလာတာ ရှိသေးတယ် … ဒေးဗစ်ဘက်ဟမ်း တို့ ဘရစ်တ်နီစပီးယား တို့လဲ (၂) ဂဏန်း သမားဆိုပဲ … ( အဟဲ .. ပျော်စရာကြီးလို့ ကျွန်မက ပြောလိုက်မိသေးတယ် .. ) (၂) ဂဏန်း သမားများရဲ့ အမူအကျင့် အကြောင်း ရေးထာတာလေးတွေ ဖတ်လိုက်ရပါတယ် … အဲဒီတော့လဲ အနဲ နဲ့ အများ စိတ်တူ ကိုယ်တူ လေးတွေ ရှိတာပေါ့ … ( မကောင်းတဲ့ အကျင့်တွေက ခပ်များများ တူမယ်ထင်တယ် …းD ) ဒီသူငယ်ချင်းကတော့ ဘလော့ဂ်ဂါသူငယ်ချင်းကလဲ ဖြစ်ပြန် အပြင်မှာလဲ သူငယ်ချင်းအရင်း ဖြစ်နေခဲ့သူ… ဆိုတော့ Nick Name ပေးစရာ မလိုတော့ဘူးပေါ့ … လူတကာချစ်တဲ့ စူပါကော်ဖီမစ်စ်ပဲ သိကြမှာပါ … ကိုသူရိန် ပါ... ကောင်းကြောင်းတွေပဲ ရွေးပြောရရင်တော့ တကယ်ကောင်းခဲ့ပါတယ် … ကျွန်မကို အစ်ကိုတစ်ယောက်လို အမြဲဆုံးမ သွန်သင်ခဲ့သူပါ … “ ဆရာဆိုတော့ ဆရာလုပ်ချင်တဲ့ ဗီဇကလေးကလဲ ရှိပြီး ဆိုတော့လေ…” အစအနောက်သန်တယ် ထင်တယ်လို့ သူများမှတ်ချက်ချတာလဲ မှန်မှ မှန်ပါ … အဲဒါကြောင့် လူတကာချစ်တဲ့ စူပါကော်ဖီမစ်စ်လို့ နံမည်ပေးထားတာပါ … အဟဲ .. ဘလော့ဂ်ပေါ်မှာ အတည်ပေါက်ကြီး ၀င်နောက်နေခဲ့ပြီး နောက်မှ ကျွန်မရဲ့ သူငယ်ချင်း အရင်းကြီး ဖြစ်နေခဲ့သူပါ … အင်း … ပြီးတော့ လိုအပ်တာတွေလဲ အစစ အရာရာ ကူညီခဲ့ဖူးပြီိး စိတ်ညစ်တဲ့ အချိန်တွေတုံးမှာလဲ အားပေးကူညီခဲ့ဖူးသူမို့ ကျွန်မရဲ့ Essential Friends တွေထဲက တစ်ယောက်ပေါ့ …ကျွန်မကိုလဲ ရန်ကုန်မှာ မစားရ၀ခမန်း တစ်ချိန်ကုန် ကျွေးခဲ့တဲ့ သူငယ်ချင်းလေးဆိုတော့ ဒီနေ့ အမှန်အကန်မွေးနေ့ဆိုတော့ကာ အမှန်အကန် ၀ါးတီးဖွင့်ချင်မိသား … သို့ပေမဲ့ တစ်မြေစီ ခြားမို့ … အတိုးရော ၊ အရင်းရော မှတ်ထားပါကြောင်း …. ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ သူငယ်ချင်းလေး မွေးနေ့မှသည် ဘ၀တစ်လျှောက် ပျော်ရွှင်မှုများနဲ့ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာ လျှောက်လှမ်းနိုင်ပါစေလို့ … ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် … (အံမယ်မင်း … Cygnus စီးရချည်သေးရဲ့ …းD )

                         သူငယ်ချင်းကို အမှတ်တရ ကဗျာလေးရေးပြီး ဆုတောင်းပေးလိုက်တာ ... သူ့လောက် ကဗျာက ကောင်းကောင်း ရေးတတ်တာ မဟုတ်လေတော့ စိတ်ထဲ ရှိသလိုပဲ ရေးလိုက်တယ် ... အမှတ်တရပေါ့ ...

11 comments:

Anonymous said...

မွေးနေ့တူ
ဝါသနာတူ
သူငယ်ချင်းတစ်စု
အောင်မြင်မှုဆီသို့..

khun said...

မွေးရက်တူသူငယ်ချင်းတွေ
အမြဲပျော်ရွင်နိုင်ပါစေနော်

သူရိန်မင်း said...

ကေးဇူးတင်ပါတယ် လင်းရေ... အခုလိုအမှတ်တရ ရေးပေးတာအတွက်ကော ၀ါသနာတွေ တူခဲ့ကြတယ် ကိုယ်တို့ သူငယ်ချင်းတွေ အတွက် အမြဲ အမှတ်ရနေတာ အတွက်ကော၊ ပေးလိုက်တဲ့ လက်ဆောင်အတွက်ကော အရားအားလုံးအတွက်ပါ။ လင်းရဲ့ ခက်ခဲမှုတွေကိုလည်း မကြာခင် အောင်မြင်စွာ ဖြတ်ကျော်နိုင်ပြီး ပြည့်စုံအောင်မြင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ..... လို့ ဆုတောင်းပေးပါတယ်။

မောင်သီဟ said...

မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
ဒီသူငယ်ချင်းတစုနဲ့ ကျန်းမာပျော်ရွှင်စေသတည်း....

ညလင်းအိမ် said...

မွေးနေ့ရှင်သူငယ်ချင်း နှင့် မွေးနေ့ဆုတောင်းသူပါ ကျန်းမာပျော်ရွှင်ကြပါစေလို့ ထပ်မံဆုတောင်းပေးလိုက်ပါတယ်ဗျာ...

Anonymous said...

ဟက်ပီးဘတ်သ်ဒေး လင်းရဲ့သူငယ်ချင်းသူရိန်

K

~ဏီလင်းညို~ said...

လင်းရေ...
သူငယ်ချင်းရဲ့ အကြောင်းလေး...လာဖတ်တယ်ဗျာ...။
လင်းတစ်ယောက်...ကံကောင်းတယ်လို့တော့ကျွန်တော်မြင်မိတယ်ဗျာ...။ အဲ့ဒီလိုသူငယ်ချင်းမျိုးတွေရခဲ့လို့လေ...။
ကိုသူရိန်အတွက်လည်း...(အခုမှ လာပြီး) ဆုတောင်းပေးပါတယ်ဗျာ...။ ဟက်ပီးဘတ်ဒေးပါဗျာ...။

ခင်မင်တဲ့

ဏီလင်းညို

Beauty Studio USA Branded Store said...

လင်းက ကဗျာမရေးတတ်ပေလို့ဗျာ။ မွေးနေ့ဆုတောင်းကဗျာလေးက အားမာန်တွေတောင်ပါတယ်။အသက်လဲဝင်တယ်။ ၂ ဂဏန်းသခင်မွေးနေ့ရှင်ဆီ ပျော်ရွှင်ခြင်းတွေ အင်ပြည့်အားပြည့်နဲ့ ချဉ်းနင်းဝင်ရောက်သွားမှာတော့ အမှန်ပဲဗျာ။ =)
ံHappy Birthday ပါ နှစ်ဂဏန်းသခင် လင်းသူငယ်ချင်းရေ။

လင်းကြယ်ဖြူ said...

မွေးနေ့ရှင်ရော
ကဗျာရှင်ပါ
ပျော်ပါစေခင်ဗျာ
လေးစားစွာ
*.*.*

Anonymous said...

ကဲ... အားလုံးပဲ မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပြီး ဘဝတလျှောက်လဲ ပျော်ရွှင်ကြပါစေဗျား...။

khin oo may said...

Happy birthday ko thurein