Thursday 15 October 2009

လကလေးရဲ့“ လင်း ”

                                တစ်ခုပြီးတော့ လာပြန်ပြီ… နောက်တစ်ခု …သူ လွန်နေပြီ … ရေးချင်အုံးဟဲ့ ဘလော့ဂ် ဆိုပြီး အမြင်ကပ်ကပ်နဲ့ များလားကွယ် … နောက်မရေးနဲ့ဆို မရေးတော့ပါဘူး… (ဒါနောက်ဆုံးပဲလို့ ချစ်ကြိုးတွေ ဖြတ်ကာ လမ်းခွဲ ..) ဟင် မှားသွားလို့ သီချင်းနဲ့ ရောသွားတယ် … ချစ်သယ်ရင်း လေးရေ … ဒါပြီးရင် ခွင့်တင်ပါတယ်… ၂၄ ရက်နေ့အထိ နာ မအားပါဘူး… အရှုပ်တွေ လုပ်နေပါ တယ်.. သြော် မဟုတ်.. အလုပ်တွေ ရှုပ်နေပါတယ် … ဘလော့ဂ်ရေးခြင်း၊ လည်ခြင်းတွေ ခဏ နားပါမယ် … ရတဲ့အချိန်လေး စီဘောက်စ်လေးတော့ လာချောင်းကြည့်ပါ့မယ် …


1. What is your name : လင်း (သိပြီးသားကို အင်္ဂလိပ်လို မေးလိုက် ၊ဗမာလို မေးလိုက်နဲ့ သူ့ဆီမှာ အလုပ် လျှောက်တာ ကျနေတာပဲ)
2. A four Letter Word : လွမ်းလောက်လို့လား ( မောင်စိန်ဝင်း (ပုတီးကုန်း) ရေးတာထင်တယ် .. ငယ်ငယ်က ဖတ်ဖူးတယ်..

3. A boy's Name : လင်းကြယ်ဖြူ ၊ လင်းငယ် ( လွင်မိုးတော့ ကြည့်မရတော့လို့ …)
4. A girl's Name : လင်းကြယ်စင် ( ဘလော့ဂ် နံမည် ဟုတ်ဘူးနော် …)
5. An occupation : လူမှုဝန်ထမ်း ( အဟုတ်မထင်နဲ့ သူများ accident ဖြစ်လို့ သွားကြည့်လိုက်တာ သွေးလဲ မြင်ရော မူးလဲသွားရော…း) အဲ မှန်တယ်ထင်ရင် ကိုယ့်ထမင်းကိုယ်စားပြီး ရှေ့နေလိုက်တဲ့ လူမှုဝန်ထမ်း တော့ ခဏခဏ ၀င်လုပ်မိလို့ ခေါင်းမပေါက်ရုံတမယ်…..)
6. A color : လင်းတဲ့ အရောင် ( လရောင်အလင်းလေးကိုလဲ အေးချမ်းလို့ သဘောကျတယ်… )
7. Something you'll wear : လီနင်ချည် အင်္ကျီ (အေးလို့ ၀တ်ရတာ တကယ်အဆင် ပြေတယ် … အကုန်လာ မေးပြီးတော့ လက်ဆောင်များပေးမလားလို့ တစ်ခါတည်း ကြော်ငြာ ၀င်သွားတာ …)
8. A food : လမုန့် ( ဟိုတလောက လာကျွေးနေလို့ လိုက်စားလိုက်သေးတယ် ..)
9. Something found in the bathroom : လပ်(စ်) ဆပ်ပြာ
10. A place : လွိုင်လင်၊ လင်းခေး ( ရှမ်းပြည်နယ်ထဲမှာ ရှိတယ်.. )
11. A reason for being late : လမ်းတွေ ပိတ်နေလို့ပါ.. :D
12. Something you'd shout : လိုက်မကြည့်နဲ့ !!!!!! ( အဟက် …တစ်မျိုးမထင်နဲ့… လမ်းထွက်လိုက်ရင် ပိုက်ဆံချေးချင်လို့ စောင့်နေတဲ့သူတွေကို ပြောတာ… )
13. A movie title : လမင်းသစ်ပင်
14. Something you drink : လိုင်ချီးစ်ဖျော်ရည် (တကယ်တမ်းတော့ မကြိုက်ဘူး … အနံ့ကြီး ကိုပဲ ခံစားလို့ မရဘူး… လီမွန်တီး သောက်ပြီးသားမို့ အပြောင်းအလဲ ဖြစ်အောင် ကြိတ်မှိတ် သောက်လိုက်တယ်…)
15. A musical group : လေဇီးကလပ်(ဗ်) { Lazy Club}
16. An animal : လင်းတ (လဒ) { တဂ်တဲ့ အကောင်ပြောတာ …သြော်..မှားလို့ မုန်းတဲ့ အကောင် ပြောတာ..}
17. A street name : လသာ ၊ လမ်းမတော် (ပြည်တွင်းဖြစ်ကိုပဲ အားပေးတယ်…)
18. A type of car : လန်ခရူဆာ ( Landrover မစီးချင်တော့လို့ Landcruser ထုတ်စီးတားD)
19. The title of a song : လာချင်ရင် အနီးလေး ( ပြောတော့ ပြောရှာတယ်… အသံသိပ် မထွက် လို့ ဆိုတဲ့
L ဆိုင်းဇီ ပြန်ဆိုထားတာ) လမ်းမကြီးရဲ့ဘေး ( ၀ိုင်းစုခိုင်သိန်း ဆိုထားတာ … မိန်းကလေး အဆိုတော် သိပ်မကြိုက်တဲ့ ကိုယ်က ခုတလော နားထောင်ပြီး တကယ်ကြိုက်နေတာ …)
20. A verb : လုနေသည် …(အချိန်တွေကို …)


                                ကဲ သယ်ရင်းရေ … ကျေနပ်သင့်ပြီ… မကျေနပ်ရင် နာ့ကို အသေသာ လာသတ် လှည့်ပါ တော့ … သိတဲ့ဟာတွေဆို ပိုလဲ ဖြေထားပေးတယ် ... သူကရေးလာတယ် …မေးလ်ထဲမှာ အရင်တစ်ခေါက် အင်္ဂလိပ်လိုရေးပြီးတော့ ကျန်တဲ့သူငယ်ချင်းတွေကို ပြန်မတဂ်လို့တဲ့… ဒီတစ်ခေါက် တဂ်ဖြစ်အောင် တဂ်ပါ ဆိုလာတော့ ချစ်သူငယ်ချင်း စကား အလေး ထားသော အားဖြင့် တဂ်လိုက်ပြီ ….. လူကြီး စာတွေပဲ ရေးပြီး တည်တည်တံ့တံ့ လုပ်နေတော့ တဂ်ချင်ပေမဲ့ မတဂ်ရဲတဲ့ အခင်ဆုံး သူငယ်ချင်းကြီးကို မတဂ်တော့ပါဘူး … ဒါကလေးဘွဲ့ ခံထားတဲ့ ကလေးမသာ (သြော် ... မဟုတ် ကလေးသာသာလေးတွေကိုပဲ တဂ်လိုက်ပြီ..)


၁။ လင်းငယ် (ဘုရားစာတွေ ဖတ်ပြီး ဘုန်းကြီးမ၀တ်ခင် ဒုက္ခပေးချင်လို့ပါ..)
၂။ လင်းကြယ်ဖြူ (ခုတော့ပျောက်နေတယ် .. အင်္ဂလိပ်လိုသူများတဂ်ထားတာ တွေ့လို ဗမာလို တဂ်ပါတယ် …) {ကြိုပြောထားတယ်နော် လ သမားတွေ နာ့ထဲက လာခိုးချနဲ့…}
၃။ အိမ်  ( ပြိုင်ပွဲလုပ်ပြီး သူပေးတဲ့ဆု သူပြန်ရတယ် ဆိုပြီး စိတ်ကြီးဝင်နေတဲ့ အိမ်ကလေးရေ … စဉ်းစားပါအုံး “ အ ” နဲ့ စတာတွေ ကျန်ခဲ့ရင် လာအော်မှာ…ရေးပြီးမှ တင်မဲ့အချိန်ပဲ သွားကြည့်လိုက်တော့ သူများတဂ်လို့ ရေးပြီးနေပြီ… ဇွဲတော့ မလျှော့ပါ … အင်္ဂလိပ်စာလုံး “ E ” ကလေးတွေ စဉ်းစားပြီး ရေးပါအုံး အိမ်ကလေးရေ … အဟက် .. ကျန်တဲ့ စာလုံးလေး လာအော်ချင်လို့ပါ…)
၎။ ချစ်တီး ( အားအားယားယား အာပြဲကြီးနဲ့ အိမ်တကာလှည့်အော်နေတဲ့ ဗုဒ္ဓရိပ်အောက် နေပါတယ် ဆိုတဲ့ အမှန်အကန် ချစ်တီး ကလေး )
၅။ ချမ်းလင်းနေ ( C for Chan တော့ တွေ့ထားတယ် …ဗမာလိုလေးပေါ့ကွယ်..မပြန်ခင် နှိပ်စက်ချင်လို့ပါ …)
၆။ သီဟ (ရင်ဘတ်ကြီးနဲ့ အပြည့်စဉ်းစားပေတော့ကွယ်…)
၇။ ညီညီ (လွဲတတ်ပါတယ် ဆိုတဲ့ လင်းကို ဇောက်ထိုးဖြစ်တဲ့ စကားပုံတွေ ဘလော့ဂ် ရအောင်လို့ စိမ်ခေါ်ထားသူ… ခရီးသွားပြီး ပြန်လာလို့ အားရင် ဒါလေးကို အရင်စဉ်းစား လိုက်ပါအုံးကွယ် … အင်္ဂလိပ်စာ ကျွမ်းသူဆိုတော့ အပိုဆုအနေနဲ့ နှစ်မျိုးလုံးရေးပေးပါ ..း)
၈။ ခွန်သဒ္ဒါ ( သူတို့ဆီမှာ အေးနေပြီ ဆိုတော့ ပျင်းနေမှာ စိုးလို့ …)
၉။ မေလေး (မအားလို့ နားနေရာ ရှာထားပါတယ်ဆို ဘယ်ရမလဲ တဂ်လိုက်ပြီ…)
၁၀။ သက်တန့် ( ဘလော့ဂ်ကျော်လို့ မရလို့ စိတ်ဓါတ်ကျနေရှာတဲ့ မောင်လေးကို အားနာပါးနာနဲ့ ကျော်ခွရခဲ့ရင် အတိုးနဲ့ နှစ်မျိုးလုံး ရေးပေးပါ …)
                                      
                                   ကဲ … အားလုံးမကျေနပ်ရင် သူငယ်ချင်း “ K ” ကိုသာ ၀ိုင်းပြီး အသေသတ်ကြပါ… ၂၄ ရက်နေ့ အထိ တကယ် မအားတော့ပါ …ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ…..

10 comments:

Anonymous said...

ဖတ်ပြီးရီလိုက်ရတာဟာ.... တဂ်တဲ့လူ လဒ မဟုတ် ဠင်းတ ( ဠကြီးနဲ့ ပေါင်းပါ၊ ငါက ကြီးမှ ကြိုက်တာ) :)

ကျေးဇူးတင်ပါတယ် သူငယ်ချင်း၊ စိတ်အေးချမ်းသာစွာ ခွင့်ခံစားပါ။


K

Anonymous said...

အင်.... ထပ်ရေးရမယ်လား.... ခေါင်းကိုက်နေရတဲ့ အထဲဗျာ... ။ အေးဆေးပေါ့... နောက်မှရေးမယ်။

Anonymous said...

အင်.... ထပ်ရေးရမယ်လား.... ခေါင်းကိုက်နေရတဲ့ အထဲဗျာ... ။ အေးဆေးပေါ့... နောက်မှရေးမယ်။

khun said...

ငါ့အစ်မကတော့ လုပ်ချလိုက်ပြီ... ပျင်းမှာစိုးလို့တဲ့လား။
မရှိမဲ့ရှိမဲ့ ဦနှောက်လေးဖြစ်ညှစ်ပြီး ရေးပေးပါ့မယ် မရေ
ခဏတော့စောင့်နော်....
ဒီတပတ် ဟိုနားဒီနားလေးသွားစရာရှိလို့။

မောင်သီဟ said...

ဟိုက်!
သေပြီဆရာ

ချစ်တီး said...

ကျွန်တော်ကတော့မတဂ်တတ်ဖူးအမရ
ဗဟုသုတကမကြွယ်တော့ အမတို့တဂ်တာတွေပဲ လိုက်ပီးအားပေးတော့မယ်
ပျော်ရွှင်ပါစေအမ

သားကြီး said...

ကံကြီးပေလို့ဒီtagကလွတ်တာ :P
ဘာရေးရမှန်းသိမှာမဟုတ်ဘူး
ခုလိုpop up windowနဲ့ဆိုတော့မန့်တဲ့လူတွေအတွက်အဆင်ပြေသွားတာပေါ့

Waing said...

လည်လည်လာသွားတယ် လင်းလင်းရေ :P

ဝက်ဝံလေး said...

အယ် ရေးထားတာ ကြာပြီပဲ ဘာလို့ မသိတာတုံး မသိဘူး
ဘာပဲဖြစ်ဖြစ် ဖတ်သွားတယ်နော် လင်း ရေ ဘိုင် တာ့တာ

လင်းကြယ်ဖြူ said...

အမှတ်တရလေး ဖြစ်အောင် လုပ်ပေးတာ ကျေးဇူးပါ
သူငယ်ချင်းရေ..
ဒါပေမယ့် လာမယ်ကြာမယ်နော..း-)
ကွန်ပျူတာက သိပ်ပြီးကျန်းမာရေးမကောင်းသေးဘူး..
အဆင်ပြေပျော်ပါစေ ..
ခင်မင်လျှက်
လကဖ