Tuesday 13 October 2009

L For Linn

လင်းရေ...
ဘလော့ဂါ မဟုတ်တဲ့ငါက ဘလော့ဂါကြီး နင့်ကို tag game တစ်ခု လုပ်ချင်လို့ပါ။ အားရင်ရေးပေးပါနော်။ ငါရေးထားတဲ့ tag game ပို့လိုက်ပါတယ်။
                                                                  ဆိုပြီး သူငယ်ချင်း K က တဂ်လာပါတယ် …သူက Face Book account ရှိသူဆိုတော့ ခုတလော Face Book မှာ တဂ်နေကြတာလေးကို ကျွန်မဆီ မေးလ်ပို့ပြီး ရေးလာ ပါတယ်… (သိပ်တော့ မကျေနပ်လှပါ ... ကျွန်မလို မဖြစ်ညစ်ကျယ် အလကားရတိုင်း ရေးချင်တာတွေ လျှောက်ရေးထားသူကို ဘလော့ဂ်ဂါကြီး ဆိုပြီး ပြောလိုက်ကတည်းက ဒါသက်သက်နောက်တာပဲ....)သူက ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်ပြီး ကျွန်မရေးတာတွေ စိတ်ဝင်စားစရာ ကောင်းကောင်း မကောင်းကောင်း အရသာ ရှိရှိ ၊ မရှိရှိ အမြဲ ထိပ်ဆုံးကနေ လာရောက် အားပေးတတ်သူမို့ ကျွန်မလဲ သူ့ဆန္ဒလေးကို ဖြည့်ဆည်းပေးချင်လို့ ရေးလိုက်တာပါ … သူစိတ်ချမ်းသာ မှလဲ ဖြစ်မှာလေ… အဆိုလေးတစ်ခုလဲ ကြားဖူးထားတယ် … ဘယ်သူ စိတ်ချမ်းသာမှ ဘာငြိမ်းချမ်းတယ် ဆိုလားပဲ…. အဲဒီတော့ပေါ့ …(ဆားချက်တယ်လို့တော့ မထင်ကြစေချင်ဘူး…အမှန်တော့လဲ ဆားချက်သလို ဖြစ်နေတယ်…)

1. What is your name : Linn
2. A four Letter Word : Love
3. A boy's Name : Lwin Moe ( ဘလော့ဂ်ဂါ သူငယ်ချင်းထဲမှာ လင်းကြယ်ဖြူ၊ လင်းငယ် နှစ်ယောက်တောင်မှ ရှိတာဆိုတော့ မျက်နှာလိုက်တယ် ရှိမှာစိုးလို့ လွင်မိုးကို သနားသဖြင့် ထည့်သုံးထားပေးတာ…)
4. A girl's Name : Laie Laie
5. An occupation : Lecturer  ( တကယ် ဟုတ်ဘူးနော်…)
6. A color : Lavender
7. Something you'll wear : Long Coat
8. A food : Layer Cake
9. Something found in the bathroom : Lolane Shampoo
10. A place : London
11. A reason for being late : Lost track of time
12.Something you'd shout : Listen up! ( Lecturer ဆိုတော့ အဲလို အော်တား)
13. A movie title : L’amore Roast
14. Something you drink : Lemon tea
15. A musical group : Linkin Park ( ကျွန်မနားထောင်တာ မဟုတ်ပါ...ကိုသားကြီးရဲ့ ဘလော့ဂ်ထဲမှာ သူ့ အကြိုက်ဆုံးအဖွဲ့ဆိုပြီး တင်ထားတာ  သွားရှာလာတာ.း)

16. An animal : Lion ( ဒါလေးများ ..သူငယ်တန်းကတည်းက သင်ရတယ်နော..း)

17. A street name : Lancaster Park
18. A type of car : Landrover
19. The title of a song : Leave out all the rest (ကိုသားကြီးတင်ထားတဲ့ Linkin Park သီချင်းပဲ.. တစ်ခု သွား ရှာတာ နှစ်ခုရလာတယ် ..)

20. A verb : Look

ကဲ…သူငယ်ချင်းရေ .. ကျေနပ်နိုင်မယ် ထင်ပါတယ်…

6 comments:

maylay said...

လင်းရေ ဒီတန်းပလိတ်ကို ပြောဖို့က အားယူနေတာကြာပြီ မိုက်တယ်။ ကိုယ်ရေးရတာ မြန်သွားတယ်ကွ။ လင်းရေးထားတာကြည့်ပြီး ကိုယ်ရေးထားတာကို ရီချင်စရာဖြစ်နေတယ် ဟဟ။ k ကို ကိုယ်လည်း ကျေးဇူးတင်ကြောင်းပြောပေးပါ။ ကျန်းမာပျော်ရွှင်ပါစေ

ဝက်ဝံလေး said...

ဟေ့ ဟေ့ လင်းရေ လာလာပြီး စာဖတ်တယ် ပျော်ရွှင်ပါစေကွယ် ဘိုင် တာ့တာ ဘတ်လဘိုင် ဘတ်လဘိုင် ခေါင်းကိုက်သွားတယ်ပေါ့ ဟုတ်လား သနားပါတယ် ဂျွတ် ဂျွတ် ဟိဟိ

Anonymous said...

ချစ်သူငယ်ချင်း ဘလော့ဂါကြီး ...:D

ရေးပေးတာကျေးဇူးတင်ပါတယ်။ နင်ရေးထားတာကောင်းတယ်။
The title of a song ဆိုတာ စိတ်ဝင်စားသွားလို့ ယူကျုမှာရှာကြည့်လိုက်အုံးမယ်။

k

Beauty Studio USA Branded Store said...

အယ်လေးတွေ အစတွေက ဂလိုကို။

Anonymous said...

အယ်လ်နဲ့စတာ တခုကျန်နေသေးတယ်ဗျ... ဘာလဲလို့ လာမမေးနဲ့ ကိုယ့်ဟာကိုယ်စဉ်းစား... အဟီးဟီး

သားကြီး said...

linkin parkကိုယူထားတာကို (ဂယ်လည်းနားမထောင်ဘဲနဲ့ :P)
ဆူဆူညံညံတွေမကြိုက်ရင်တော့linkin parkနဲ့ကိုက်မှာမဟုတ်ပါဘူး
ဒါပေမယ့်တချို့ငြိမ်ငြိမ်လေးဆိုထားတဲ့သူတို့သီချင်းတွေလည်းတော်တော်ကောင်းတယ်ညီမရ
shadow of the dayလိုသီချင်းမှာဆို တီးထားလိုက်တာများ ညက်လို့ :)
ကြုံကြိုက်ရင်နားထောင်စေချင်တယ်