Sunday 11 October 2009

ကြည့်မိသော သတင်းများ(၁)

                  
                                ကျွန်မ ခုတလော ဖျားချင်သလိုလို … ဘာဖျားလဲဆို လွမ်းဖျား ( home sick ဆိုတာမျိုး ဖြစ်မလားပဲ )   အိမ်သေးသေးလေး  ကိုတင်  မဟုတ်ဘူး … ကျွန်မ မေမေ  အပြင်  ကျွန်မကို       မွေးဖွားခဲ့တဲ့
“ မြန်မာနိုင်ငံ” ဆိုတဲ့ အိမ် အကြီး ကြီးကိုရော လွမ်းနေသလိုလို … အဲဒီတော့ ဖျားချင်ချင် ဖြစ်လာရင် သတင်းလေးတွေ ထိုင်ကြည့်မိတယ် … ကြည့်မိတော့ မြန်မာနိုင်ငံလို့ နားစွန်နားဖျား မကြားလိုက်နဲ့ ခေါင်းက အလိုလို ထောင်လာချင်တယ် … ကိုယ့်ရဲ့ မွေးမေမေနဲ့ မခြားတဲ့ အမိမြေကိုး … ဘာ သတင်းပဲ ဖြစ်ဖြစ် စိတ်ဝင်စားနေမိတယ် … ကျွန်မနဲ့ နီးစပ်တဲ့မြေက သတင်းဆိုရင် ပိုလို့ စိတ်ဝင်စားမိတယ် … ခု သတင်းလေးကတော့ ပြီးခဲ့တဲ့ လထဲကဆိုတော့ ကြာပါပြီ … ဒါပေမဲ့ နောက်သတင်း တစ်ခုပါ ကြည့်မိရင်းကနေ အကြောင်းအရာနှစ်ခု ဖြစ်လာတော့ ပို့စ်လေး တစ်ပုဒ်လောက် ရေးချင်စိတ် ဖြစ်မိတယ်… သိပြီးသားတွေလဲ ဖြစ်ချင်ဖြစ်မှာပါ … ခုဟာက ကျွန်မ တွေးမိတာလေးတွေ ရေးကြည့်တာပါ…


                                 ထိုင်းနိုင်ငံမှာမွေး ၊ ထိုင်းနိုင်ငံမှာကြီးတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားမိသားစုက သားလေး မောင်သောင်းဒီ အကြောင်းပါ … ယိုးဒယားလိုပဲ မှည့်ထားတာပါ (Mong Thongdee – မောန်ထောဝ်းဒီ ) ဖြစ်မယ် … ဗမာလိုတော့ မောင်းသောင်းဒီပေါ့ … ထိုင်းနိုင်ငံမှာပဲ ကျောင်းနေပြီး ဂျပန်နိုင်ငံ စက္ကူလေယာဉ်ခေါက် ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရပေမဲ့ သူ့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားမိဘက မွေးထား တာမို့ ထိုင်းနိုင်ငံသား မှတ်ပုံတင် မရှိလို့ passport အတွက်တောင် ခက်ခဲခဲ့ရတယ် … ပထမ မြန်မာကလေးမို့ မြန်မာနိုင်ငံ ကိုယ်စားပြုပဲ ယှဉ်ပြိုင်ခွင့်ပေးမဲ့ သတင်းတွေ ထွက်လာခဲ့သေးတယ် … ကျွန်မတောင် အဲဒီ အချိန်က စဉ်းစား နေမိသေးတယ် … တရားမ၀င် အလုပ်သွားလုပ်တဲ့ မိဘများရဲ့ ကလေးမို့ မြန်မာပြည်ကရော ကြည်ကြည် ဖြူဖြူ ပြန်လက်ခံပြီး သူ့အိပ်မက်တွေ အကောင်အထည် ဖေါ်ခွင့်ရနိုင်ပါ့မလားပေါ့… နောက်ဆုံး ထိုင်းဝန်ကြီးချုပ်ရဲ့ ကောင်းမှုကြောင့် သွားခွင့်ရပြီး ယှဉ်ပြိုင် ခွင့်ရခဲ့တယ် … ထိုင်းနိုင်ငံမှာ စက္ကူလေယာဉ်လေးကို လေပေါ်မှာ 12 စက္ကန့်အကြာ ပျံသန်းနိုင်ခဲ့တာမို့ ဂျပန်နိုင်ငံကို သွားရောက်ယှဉ်ပြိုင်ဖို့ အရွေးချယ်ခံခဲ့ရပါတယ် … အစမ်း လေ့ကျင့်စဉ်မှာ 16.45 စက္ကန့်ကြာပြီး ၀င်ရောက်ယှဉ်ပြိုင်စဉ်မှာ 10.53 စက္ကန့် နဲ့ တတိယဆု ရရှိခဲ့ပါတယ် … ပထမများရခဲ့ရင် ၀န်ကြီးချုပ်က သူ့ကို လာတွေ့ဖို့ အားပေးစကား ပြောထားခဲ့တာပါ … အခုလဲ သူတို့ရဲ့ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနက မောင်သောင်းဒီလေး ဘွဲ့ရတဲ့ ထိအောင် တာဝန်ယူပေးတဲ့ သတင်းကြားရတော့ ကလေးအတွက် ၀မ်းသာဂုဏ်ယူမိတယ် … သူ ပြိုင်ပွဲ မသွားပြိုင်ခင် သူ့စိတ်ခံစားချက်ကလေးတွေ ကြည့်ပြီး စိတ်မကောင်းလဲ ဖြစ်ရတယ် … သူ့ကို “ နိုင်ငံမဲ့ ” လို့ ပြောလိုက်တော့ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ၀ဲနေခဲ့ပါသတဲ့ … သွားစဉ် အချိန်ကလဲ temporary passport နဲ့ပဲ သွားခဲ့ရတာပါ … ခုတော့ ဒီကလေးက သူတို့နိုင်ငံက ဂုဏ်ထူးဆောင် ကျောင်းသားဖြစ်တဲ့ အတွက် နိုင်ငံသား တစ်ပိုင်း ဖြစ်သွားပြီလို့ မှတ်ယူလို့ ရတော့ နိုင်ငံမဲ့ ဆိုတဲ့ စကားလုံးလေး ပျောက်သွားတာမို့ သူ့အတွက် ၀မ်းသာပီတိ ဖြစ်မိတယ် … ထိုင်းနိုင်ငံသား ဖြစ်ချင်တဲ့ သူ့အတွက်ကလဲ ထိုင်းနိုင်ငံသား ဖြစ်တာသည်သာ သူ့အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျွန်မတော့ ထင်မိတယ် … ဒီလိုတော်တဲ့ ကလေးဖြစ်နေတဲ့ အတွက် သူ့မှာ စိတ်ကူးတွေ ၊ မျှော်လင့်ချက်တွေ ရှိနေခဲ့တယ် … သူ့စိတ်ကူးတွေ အကောင် ထည်ဖေါ်နိုင်ဖို့ ဆိုတာလဲ ဒါမှ ဖြစ်မှာလေ … ကျွန်မ ထင်တယ် … လူတိုင်းနီးပါး ကိုယ့်နိုင်ငံ ၊ ကိုယ့်လူမျိုးကိုပဲ ချစ်ပြီး ကိုယ်ရေမြေမှာပဲ နေချင်ကြမှာပဲ … ဒါပေမဲ့ လူတိုင်းဟာ ကိုယ့်အကြောင်း နဲ့ကိုယ် ကိုယ့်ဘ၀ အသက်ရှင်ရပ်တည်မှုတွေ အတွက် ပုံစံအမျိုးမျိုးနဲ့ ရုန်းကန်နေကြရတယ် … မောင်သောင်းဒီလို ကလေးတွေနဲ့ မိဘတွေလဲ အပါအ၀င်ပေါ့ … တရားဝင် နေထိုင်ကြတာ ရှိသလို တရားမ၀င်တွေလဲ အများကြီးပဲ … တရားမ၀င် ရပ်တည်ရတဲ့ အခါ ကိုယ့်ဆီ ပြန်မယ် ဆိုတော့လဲ မလွယ် သူများဆီမှာ နေရတော့လဲ ကျီးလန့်စာစား တော်တော် စိတ်မကောင်းစရာတွေ တွေ့ရပြီး နိုင်ငံမဲ့ ဆိုတဲ့ နံမည်လေးတွေလဲ အလိုအလျောက် ရကြရတယ် … မောင်သောင်းဒီလေး ရွေးချယ်မှုကို အားလုံး နားလည်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ် …. အဲဒီသတင်းတွေ (Thai channel ) တွေက လွှင့်တုန်းက ကြည့်လိုက်ရတာပါ …
                                 မောင်သောင်းဒီလေး အကြောင်း ဖတ်ချင်ရင် ဒီမှာ ဖတ်နော် ...

                             ခေါင်းစဉ်ကိုကြည့်ပြီးလဲ ၀မ်းနည်းပက်လက် မဖြစ်ကြနဲ့အုံး … အဲလိုမျိုးတွေ တကယ်အများကြီးပါ … စိတ်မကောင်းတာကလွဲလို့ ကိုယ်လဲ ဘာမှ မတတ်နိုင်တဲ့ အကြောင်းတရားတွေ ဖြစ်နေတယ် …


                              


                             နောက်သတင်းတစ်ခု ( dvb ) ကနေ October 5 ရက်နေ့က ကြည့်လိုက်ရတယ် … ဒီသတင်းကလဲ 4 လ ပိုင်းကတည်းက ဆိုတော့ တော်တော် ကြာပါပြီ … ကျွန်မက ဟိုးတစ်နေ့ကမှ ကြည့်လိုက်ရတာ … ပြန်ရှာဖတ်တော့ ပြီးခဲ့တဲ့ 4 လပိုင်းကတည်းက ဖြစ်နေတယ် … အဲဒါကတော့ Energy Globe ဆုကို ( Fire ) အတွက် မြန်မာနိုင်ငံက ရရှိ သွားကြောင်း တွေ့လိုက်ပါတယ် … မြန်မာနိုင်ငံ ဆိုပေမဲ့လဲ အဲဒီနေရာကလဲ ထိုင်း ၊မြန်မာ နယ်စပ်မှာ ရှိပြီး ထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့ နေရာလေးပါ … ဆေးခန်းလေး ဖွင့်ထားပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည် စခန်းအတွက် အဓိက ဖွင့်ထားတာပါ … နေရောင်ခြည် စွမ်းအင်သုံး (Solar) ကို အသုံးပြုပြီး မီးအလင်းများလဲ ရရှိလို့ အခြား အရေးပေါ် ခွဲစိတ်မှုတွေလဲ အောင်မြင်စွာ ဆောင်ရွက်နိုင်သလို ဆေးသိုလှောင်မှု စနစ်အတွက်လဲ ကောင်းစွာ အထောက်ကူ ပြုနိုင်ခဲ့ပြီး အကျိုးများစွာ ဖြစ်ထွန်းခဲ့တဲ့ အတွက် (Energy Globe – Fire ) ဆုကို မြန်မာနိုင်ငံ နံမည်တပ်ပြီး ရရှိခဲ့ပါတယ် … ( Earth , Fire , Water , Air , Youth ) ဆိုပြီး ငါးဆု ရွေးချယ်ပေးအပ်ပြီးချိန်မှာ ( World Energy Globe ) ဆုကို တစ်ခါတည်း မဲပေးစနစ်နဲ့ အားလုံးအပြီးမှာ ထပ်မံရွေးချယ် ကြေငြာ ပါတယ် … မြန်မာနိုင်ငံကပဲ အားလုံးထဲမှာ 35% နဲ့ ဆုရရှိခဲ့ပြန်ပါတယ် … ကျွန်မလဲ ကြည့်နေရင်းနဲ့ (ကျွန်မတို့ မြန်မာနိုင်ငံကို သနားလို့များ မဲတွေ ထည့်နေကြသလားလို့ ) ကပေါက်တိကပေါက်ချာ တွေးမိရင်း ကိုယ့်ကိုယ်ကို ရယ်ချင်မိတယ် … သြော် … ကျွန်မကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုင်တာတွေ မဆိုင်တာတွေ အသာထားလို့ မြန်မာနိုင်ငံလို့ ခေါင်းစဉ်တပ် တပ်ပြီး ဆုရရှိတာကို ကျေနပ်ပီတိတွေ ဖြစ်နေမိသေးတယ် … မောင်သောင်းဒီလေးလဲ အခြေအနေအရ ထိုင်းနိုင်ငံသား ဖြစ်ချင်ပေမဲ့ အမှန်တကယ် မြန်မာမိသားစု (ရှမ်းတိုင်းရင်းသား) တွေကနေ ပေါက်ဖွားပြီး ကမ္ဘာသိ ထိုင်းနိုင်ငံသား ၊ မြန်မာလူငယ်လေး အဖြစ် ၀မ်းသာ ဂုဏ်ယူမိတယ် … မြန်မာနိုင်ငံလို့ ကြားလိုက်တဲ့ သတင်းတွေကြည့်ပြီး တွေးမိတာလေးတွေ ရေးလိုက်တာပါ…
                                      Energy Globe ဆုပေးတာလေးကို အသေးစိတ် ကြည့်ချင်ရင် ဒီမှာ ၀င်ကြည့်နော် … (Video ကြည့်ချင်ရင်ပေါ့ ) အားရင် အချိန်လေးပေးပြီး ကြည့်ကြည့်ပါ… ကိုယ်စားပြု ဆုတက်ယူတဲ့ အမျိုးသမီး ကျေးဇူးတင် စကားပြောရင်း ပြုံးပျော်နေတာ ကြည့်ပြီး အလွမ်းတွေပြေ သွားသလိုလိုပဲ …

စာဖတ်ကြည့်ချင်ရင် ဒီမှာ ၀င်ဖတ်ကြည့်နော် ....

6 comments:

maylay said...

လင်းရေ ကိုယ်လည်း အဲ့သတင်း ကြည့်ရသေးတယ်။ လင်းလိုတော့ ကိုယ်က မရေးတတ်ဘူး။ ကြည့်ပြီးတော့ ဒီကလေးလို နိုင်ငံမဲ့တွေ ဘယ်လောက်များနေပြီဆိုတာ တွေးမိတယ်(ကိုယ်တိုင်အပါဝင်)ပေါ့လေ။ သေချာတဲ့အနာဂတ်တွေ သူ့မှာ ပိုင်ဆိုင်သွားပြီဆိုတာကိုလည်း ပီတိဖြစ်သေးတယ်။ နောက်ထပ်ကလေးလေးတွေကိုလည်း အနာဂတ် ပိုင်ဆိုင်စေချင်တယ်။

ဝက်ဝံလေး said...

ပထမ တပုဒ်တော့ ဖတ်ဖူးတယ် ဒုတိယ တခုတော့ ဖတ်ဖူးဘူး
ဆုရတော့လဲ ဘာပဲပြောပြော ကျေနပ်ပါတယ်လေ နော်

မောင်သီဟ said...

ကျွန်တော်ကတော့ အစ်မပို့စ်ဖတ်မှသိရတယ်ဗျာ
ကျေးဇူးပါဗျာ
ဖတ်မိပြီးတောင်တွေးမြောက်တွေးတွေးရင်း
ရင်ဘတ်အောင့်တယ်ဗျာ
း(ံ့ံ့ံ

Beauty Studio USA Branded Store said...

ဂုဏ်ယူပါတယ်ဗျာ။လှိုက်လှိုက်လှဲလှဲကြီးကိုပါပဲ။ဝမ်းနည်းစရာကောင်းတာကတော့ သူတို့တွေက မြန်မာပြည်ရဲ့ အဝေးမြေမှာလေ။

Anonymous said...

အင်း.... တခုခုလွဲနေတာတော့ သေချာတယ်ဗျာ...။ နိုင်ငံအုပ်ချုပ်သူသာ ကောင်းခဲံရင် ဒိထက် ဆုတွေရဖို့၊ ဒိထက်လူတော်တွေ ပိုထွက်လာမယ်ဆိုတော့ မြေကြီးလက်ခတ်မလွဲပါပဲ။

သားကြီး said...

နိုင်ငံမဲ့လို့အပြောခံရတဲ့အချိန် မောင်းသောင်းဒီရင်ထဲမှာဘယ်လိုလှိုင်းဂယက်လေးတွေထနေလိမ့်မယ်တော့မသိဘူး
ဖတ်ရတဲ့ကိုယ်တော့ဒေါသထွက်တယ်
“သင်းတို့သာ အစကတည်းကကောင်းခဲ့ရင်”
ဒါတွေပြောရင်ဒေါတွေပါပါတယ်လေ မပြောတာပဲကောင်းပါတယ်
သူများဆီနေလည်းကျီးလန့်စာစား ကိုယ့်ဆီမှာပြန်နေဖို့ကလည်းမငြိမ်းချမ်းနဲ့...
လူဖြစ်ရတာစိတ်နာစရာကြီး