Monday 5 October 2009

စိတ်


သီတင်းကျွတ်ပြန်ပြီ …
နှစ်ဟောင်းတွေက လွန်မြောက်
နှစ်သစ်တွေ ရောက်ရောက်လာပေါ့ …
အသက်တွေက တားမရ
များပြားလှတဲ့ စိတ်အစာအဟာရတွေကလဲ
ကမောက်ကမပေါ့ …
ဗျောက်အိုးထဲက ယမ်းဘ၀နဲ့
တစ်ခါ တစ်ခါ ၀ုန်းဒိုင်းကြဲလို့
ပေါက်ကွဲ ထွက်ချင်သား …
ဘောင် ဆိုတဲ့ စည်းကလနားတွေ ကြားမှာ
ယမ်းတွေပဲ ပြည့်အောင်သိပ်လို့
စနက်တံ ထည့်ဖို့ မေ့နေခဲ့ပါလား …


                         ဒီမှာတော့ သီတင်းကျွတ်ပြီ ဆိုတာနဲ့ တဖောင်းဖောင်း တဒိုင်းဒိုင်း ဗျောက်အိုးတွေ ဖောက်နေ လိုက်ကြတာ ကလေးတွေလဲ ပျော်လို့ ဆူညံပွက်လော ရိုက်နေတာပဲ … မကျွတ်ခင်ကလဲ ဖောက် တာပဲ … ဘာရာသီ ဘာပွဲလုပ်လုပ်လဲ ဖောက်ကြတယ် … နောက်ဆုံး အသုဘချတာလဲ ဖောက် ကြတယ် … (ဓလေ့ ပေါ့နော်..) မီးရှူး ၊ မီးပန်း တွေလဲ ဖောက်ကြတယ် …ပြီး မီးပုံးပျံတွေကလဲ ကောင်းကင်တစ်ခုလုံး ဟိုဒီပျံဝဲလို့ … (ကြီးကြီး ၊သေးသေး အရွယ်အစား အစုံနဲ့ ) ဗျောက်အိုး တွေကလဲ ကလေး ၊ လူကြီး အရွယ်စုံ ဖောက်လို့ရအောင် အမျိုးမျိုး … ဖောက်လိုက်ကြတာလဲ နေရာစုံ အသံအစုံနဲ့ ဆိုတော့ မြင်နေရတဲ့ စိတ်ကလေး အစိုးမရပုံများ ဗျောက်အိုးတွေလဲ အားကျသလို ရှိလိုက်မိသေး … (သြော်..စိတ်.. စိတ်..)

9 comments:

Anonymous said...

မီးခြစ်ပါ ဖွက်ထားလိုက်တယ်လေ... ဟဲဟဲ


K

khun said...

ဖောက်ခါနီးရင်ပြော မလင်း

ထွက်ပြေးမလို့(^ ^)

လင်းကြယ်ဖြူ said...

ဝါလကင်းလွတ် သီတင်းကျွတ်...
ပျော်စရာ..ကြည်နူးစရာ..
ဂါရ၀တရားတွေနဲ့ ပြည့်နှက်နေတဲ့ သမယလေးပါပဲ..
စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေခင်ဗျာ...

maylay said...

နာတို့ဆီမှာကျ မီးပုံးပျံရှိဘူး။ လွမ်းတယ်ကွာ မီးပုံးပျံတွေကို။ ကဗျာက စပ်ဟပ်ထိနေတာပါပဲ လင်းရေ

နွေဆူးလင်္ကာ said...

စိတ် တဲ့။ ကဗျာလေးကောင်းတယ်။ ဟုတ်တယ် ဗျောက်လိုသာ ပေါက်ကွဲလို့ရင် ကောင်းမယ်နော်။

သူရိန် said...

နားတွေညီးလို့ပါဆိုမှ ဗျောက်အိုးဖောက်ဦးမယ်တဲ့၊ သွားတိုင်မယ်...။ :)

သူရိန် said...

စနက်တံထည့်ဖို့ မေ့ခဲ့ရင် မီးပုံထဲသာ ပစ်ထည့်လိုက်... ပေါက်ဖို့ အဓိကမို့လား

ဝက်ဝံလေး said...

ဗျောက်အိုးဖောက်လို့ရဘူးနော် ထောင်ဒဏ်သိဘူးလားလို့ ဟိဟိ

သားကြီး said...

တစ်ခါကပေါ့
မီးညှိပြီးအဝေးကိုပစ်မလို့လုပ်တုန်းလက်ထဲမှာပဲ “ဒိန်း”ကနဲပေါက်ထွက်သွားတယ်
အဲဒီကတည်းကလန့်လိုက်တာ :P