Thursday 1 October 2009

အဖြေ



ဘာဖြစ်တာလဲ …
စဉ်းစားမရ 
ဒါက သူများ မျက်စိကျစရာ
ဈေးကွက် စီးပွားရေးစနစ်တဲ့လား …
တွေးလို့ဖြင့် မ၀ံ့ရဲ
ကြုံလို့ဖြင့် မယုံချင်
ကျွန်မလဲ နားမလည်
တိမ်ရဲ့ ဖ၀ါးအောက်
မူးမှောက် သွားလိုက်တာ …
ကျွန်မတို့မှာတော့ အထွဋ်အမြတ်
ယုံကြည် ကိုးကွယ် အားထားစရာအမှတ်မို့
ဗုဒ္ဓ မြတ်စွာ ဘုရားရှင်ဆိုတဲ့
ကိုယ်တော်မြတ်ကိုတော့ မထိခိုက်စေချင်
ခုတော့ ဗုဒ္ဓလဲ မနေသာ
အသုံးတော်ခံ ဖျော်ဖြေနေရတာ
တွေးကြည့်တိုင်း ဘ၀င်မအေး
ရင်လေးနေလိုက်တာ…
အင်း …ဒါပေမဲ့
ခေါင်ကမှ မိုးမလုံ
တံစက်မြိတ်က ဘယ်လိုလုံနိုင်ပါ့
ကျွန်မ အဖြေရှာမရတဲ့
စက်တင်ဘာလရဲ့ သာဓကတွေပေါ့…
အဖေဆိုတာ ရင်ထဲမထား
သူ့သားတွေလဲ မညှာတာ
သူတို့ရင်ထဲ ကိန်းအောင်းနေခဲ့တာ
ဗုဒ္ဓမစစ်တဲ့ သွေးဆိုးသွေးညစ်တွေမို့
ပြောင်းလဲပစ်ဖို့ မဖြစ်တာ
 အဖြေမှန် ဖြစ်နေခဲ့မလား
စဉ်းစားကြည့်မိတာ ....

                          ကျွန်မ ဒီလင့် လေးကို ဘလော့ဂ်တစ်ခုမှာ လာချထားတာတွေ့လို့ သွားဖတ်ကြည့်ဖြစ်ပါတယ် … နံမည်ကြီး အီလက်ထရောနစ် ကုမ္ပဏီ (Apple) က ဗုဒ္ဓ ရုပ်ပွားတော်နဲ့ ပဉ္စ၀ဂ္ဂီငါးဦး တရားထူးဟောကြားနေပုံကို သူတို့ ဖုန်း ကြော်ငြာထားတာတွေ့တော့ တော်တော် စိတ်မချမ်းမသာ ဖြစ်မိတယ် … ဒါကြောင့် အဖြေရှာရင်း ကဗျာလေး တစ်ပုဒ်ရေးလိုက်တာပါ …

                             အဲဒီ လင့် မှာလဲ ဖတ်မိတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက မခံမရပ်နိုင်ပဲနဲ့ ဆဲထားတာတွေ တွေ့ရပြန်တော့ ပိုလို့ စိတ်မချမ်းမသာ ဖြစ်မိတယ် … သူတို့ အမှားက ကိုယ့်အမှားတွေ ဖြစ်ကုန်ပြန်တယ် … ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာမှာ မြန်မာဆိုတာ ယဉ်ကျေးမှု အရှိဆုံးဆိုတဲ့ ဂုဏ်လေးတွေပါ ပျောက်ကွယ် သွားမှာ စိုးမိတယ် … ကိုယ်က ဗုဒ္ဓဘာသာဝင် စစ်စစ်တွေ ဖြစ်တဲ့အတွက် ကံ၊ ကံ၏ အကျိုးတရားကို ယုံကြည်တဲ့ အလျောက် သူတို့ပြုတဲ့ကံ သူတို့ခံစေရင်းနဲ့ အမှား၊အမှန် ဝေဖန်ပိုင်းခြားနိုင်သူများ ဖြစ်စေဖို့ပဲ ဆုတောင်းမိပါတယ် …

9 comments:

Anonymous said...

ဟုတ်တယ် သူငယ်ချင်းရေ.... ။ ငါလည်း အဲဒီပုံမြင်တော့ တော်တော်ခံစားလိုက်ရတယ်။ ပထဆုံးမြင်ဖူးတာက ဘုရားရုပ်ပွားတော်ကို မိန်းမတွေ ဝိုင်းပြီး ပွတ်သတ်နေတဲ့ MTV ၊ ဒုတိယက မြန်မာပြည်က DJ Jay ရဲ့ ဘုရားပုံတော်အတိုင်း ရောင်ခြည်တော်ကွန့်မြူးနေတဲ့ animation ဓာတ်ပုံ။ ခု တတိယက နင်ပြောတဲ့ကြော်ငြာ။

ငါ ဘာကိုပါ သတိရသွားလဲ ဆိုတော့ သာသနာနှစ် ၂၅၀၀ ကျော်ရင်၊ ငါတို့ ဗုဒ္ဓသာသနာ တဖြည်းဖြည်းညှိုးနွမ်းလာမယ်ဆိုတဲ့ စကားအတိုင်း စ ဖြစ်နေပြီလားလို့ တွေးရင်းကြောက်မိတယ်။

တချို့တွေကလည်း အဲဒါ creation တဲ့၊ ဘယ်လိုမှ မခံစားရဘူးတဲ့။ ငါတို့လို လူမျိုးတွေက်ု ပုံလေးတစ်ပုံ မြင်လိုက်တာနဲ့ ဆတ်ဆတ်ထိမခံ စော်ကားတယ်ဆိုပြီး ဒေါသတွေထွက်ပြပြီး ဟို...အော်ဒီအော်နဲ့ ဘာသာတရားကြီး စုတ်ပြတ်သွားပါပြီ အော်နေတတ်တဲ့ လူမျိုးတွေတဲ့..။

အဲဒီ ဘယ်လိုမှ မခံစားရတဲ့လူတွေကရော ကိုယ့်ဆွေမျိုးသားချင်း မိန်းကလေးတစ်ယောက်ပုံကို မတော်တရော်လုပ်ပြီး အင်တာနက်ပေါ်တင်ခံရရင် creation တစ်ခုလို့ပဲ သဘောထားပြီး မတုန်မလှုပ်နေမှာလား...။ မနှိုင်းကောင်းတာနဲ့ နှိုင်းမိတယ်။

ဒါ ငါတို့ရဲ့ အတုမရှိ ဗုဒ္ဓမြတ်စွာရဲ့ ပုံတော်ပါဟာ...။

ငါ့ကို အမြင်မကျယ်ဘူးပဲပြောပြော၊ အဆင့်မမီဘူးပဲပြောပြော၊ ဒါ ဘာသာတရားတစ်ခုကို ခုတုံးလုပ် စီးပွားရှာတာ၊ နာမည်ကျော်ကြားအောင်လုပ်တာ၊ မလုပ်သင့်ဘူးလို့ ထင်တယ်။

K

Anonymous said...

Sorry နော် သူငယ်ချင်း၊ စိတ်ထဲရှိတာကို ဒီမှာဖွင့်ချသလို ဖြစ်သွားတယ်။
စာလည်း တော်တော်ရှည်သွားတယ်။ နင်မကြိုက်ရင် ဖြုတ်ပစ်လိုက်နော်။
ကိစ္စမရှိဘူး။


K

maylay said...

ုK ပြောတဲ့ ကြော်ငြာတွေ ကြည့်ဖူးတယ်။ သူ့အရိပ် သူ့နောက်လိုက်မယ် လေ လို့ စိတ်ဖြေရတယ်

ဝက်ဝံလေး said...

ဟုတ်တယ် ကေ ပြောတာတွေတွေ့ဖူးတယ် သူတို့အကုသိုလ် သူတို့သွားပါလိမ့်မယ် ကိုယ်ပါဝင်ဆဲရင် ကိုယ်ပါ ပါမှာစိုးလို့ အဲဒီ comment မှာ ဘာမှဝင်မရေးဖြစ်ခဲ့ဘူး ဟူးးးးးးး လို့သာ သက်ပြင်းအရှည်ကြီးချလိုက်ပါတော့တယ်

Unknown said...

လောကကြီးထဲက ကမောက်ကမတွေပေါ့ဗျာ
ကိုယ့်လမ်းလေးကိုသာကိုယ်တည့်အောင်လျှောက်
ကြပါစို့ဗျာ....
ကိုယ်လျှောက်တဲ့လမ်းကိုယ် ကိုယ်သွားရမှာ
သူလျှောက်တဲ့လမ်းကို သူသွားရမှာပါ
လောကကြီးမှာ ကိုယ်မတက်နိုင်တဲ့အရာတွေအများကြီး
ရှိသေးတယ်လို့ပဲ ကျွန်တော်မှတ်ယူလိုက်တယ်

လင်းကြယ်ဖြူ said...

ဟုတ်ပါတယ်ခင်ဗျာ..ဟုတ်ပါတယ်
ထင်မြင်ချက်က ကောင်းပါတယ်..
သူ့အမှားကနေ ကိုယ့်အလွန် မဖြစ်သင့်ဖူးဆိုတာလေ..
ပျော်ပါစေခင်ဗျာ
လေးစားစွာ

လင်းငယ် said...

ဟုတ်ပါ့ဗျား။ ကေ ဆိုတဲ့ တစ်ယောက် ပြောသလိုပဲ ဘုရားပုံကို အဲ့လိုလုပ်တော့ ဒေါသတော့ တော်တော်များများ လူတွေ ထွက်မိကြမှာပဲလေ။ ဒါပေမယ့် ဘုရားပုံကို အဲ့လို လုပ်ထားလို့ ဟာ မိုက်ရိုင်းလိုက်တာလို့ တွေးမိရင်ကို ကိုယ့်မှ ဒေါသစိတ်ဖြစ်ရပြီလေ။ နောက် အဲ့ဒီဆိုဒ်မှာ သွားဆဲထားတဲ့လူတွေလည်း ဒေါသတွေနဲ့ ပြောထားရတာ။ အဲ့ဒီအခိုက်မှာ ဘယ်လောက်ပူလောင်လည်း.. မြတ်စွာဘုရားက အားလုံးကို ပူလောင်မှုကင်းအောင်နေခိုင်းတာကို ကိုယ်တွေက ပူလောင်ပြီးနေရင်ဘယ်ကောင်းမလည်းနော်။ ကျွန်တော်လည်း တွေ့တွေ့ချင်းတော့ တော်တော်လေး စိတ်ထဲမှာတောင် ဒေါသက ဖြစ်သွားပါသေးတယ်။ဘာကြောင့်လည်းဆိုတော့ အဲ့ဒီလူရဲ့ မျက်နှာကြီးက ဘုရားရဲ့မျက်နှာတော် နေရာကို အစားထိုးထားလို့ပါ။ သို့ပေသော်လည်း သူပြုသည့်ကံ သူ့ထံသို့ မလွဲမသွေပြန်ရောက်ရမှာပါ။ နောက်ဆက်လို့ တခါတည်းပြောရဦးမယ် သာသနာနှစ် ၂၅၀၀ ကျော်ရင် သာသနာတဖြည်းဖြည်း ညိုးနွမ်းလာမယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ လူတွေ အားလုံးအတတ်နိုင်ဆုံး ကိုယ်ကျင့်သီလထိန်း၊ နောက်ပြီး ရဟန်းတွေနဲ့ တရားပွဲတွေ ရှိနေသေးသမျှဟာ သာသနာ မကွယ်သေးပါဘူး။ ဒါပေမယ့် ညိုးနွမ်းနေတာတော့ လောလောဆယ် တွေ့နေရတာ အမှန်ပဲဗျာ။

သက်တန့်ချို said...

အစ်မလင်းရေကဗျာလေးဖတ်သွားတယ်သိလား ။ အစ်မပြောတာလေးတွေလည်း
တွေး..သွားမိတယ်....ကိုယ်ပြုသည့်ကံကိုယ့်ထံပြန်လာ....အမှန်ပဲနော်...

သားကြီး said...

ဘာပြောရမှန်းမသိတော့ဘူး
ဗုဒ္ဓဘာသာနိုင်ငံကခေါင်းဆောင်ဆိုသူတွေ
တောင် ဘုရားသာသနာကိုမျက်နှောင်ပြောင်တိုက် စော်ကားနေကြမှတော့.....