ရင်ခွင်တစ်ခုလုံး လပ်ဟာ
အထပ်ထပ် အခါခါ ရေးတဲ့ စာမျက်နှာတွေလဲ
ဒဏ်ရာတွေ ဗလပွနဲ့ပေါ့ ...
ဆန္ဒရှိသမျှလဲ ဆန္ဒမှာပဲ ပျောက်ကွယ်
ပျယ်လွင့်လွင့် ရည်ရွယ်ရာတွေနဲ့
မှောင်မိုက်တဲ့ အနာဂတ်တွေထဲ
ဘယ်ဆီ ဘယ်ဝယ်ပေါ့ ...
ခုတော့ ...
ကောင်းကင်ကြီးက လင်းလက်
ကြယ်ရောင်တွေက ပြိုးပြိုးပြက်ပြက်
တိမ်တွေက ဆေးရောင်စုံကွက်သလို
ဟိုတစ်ကွက် ဒီတစ်ကွက်
လှပနေပြန်တယ် ...
သဘာဝတရားတွေတောင်
လှပအောင် ဆေးခြယ်တတ်တဲ့
" ကျွန်မရဲ့လမင်း "
ခဏချင်းပဲ ကျွန်မဘ၀ လင်းလက်လှပစေပြန်တယ် ...
သူ့အကြည့်တွေက အင်အား
သူ့စကားလုံးတွေက ခွန်အားမို့
သူ့နှလုံးသားက သိုဝှက်ထားတဲ့
သစ္စာတရားတော့ ရှာတွေ့ချင်မိတယ်...
သူခြယ်ထားတဲ့ ဆေးရောင်စုံတွေထဲ
ကျွန်မချစ်ခြင်းရနံ့တွေနဲ့
သင်းပျံ့ပျံ့မွှေးစေမယ် ...
အမုန်းတရားနဲ့
နောက်ဆုံးစကားများကို ဘေးဖယ်
ဝေးလွင့်ခြင်း ဒဏ်ရာတွေကိုလဲ
ပယ်ပျောက်စေမယ် ...
သစ္စာတရားတွေ ထုံမွှမ်း
သံသယကင်းတဲ့ ချစ်ခြင်းတွေ ရောပြွန်းလို့
ဘ၀တစ်ဆစ်ချိုးကိုလဲ လှပစေမယ် ...
ချစ်သူခင်းတဲ့လမ်း
ပန်းခင်းလမ်းပမာ
ခမ်းနားစရာ မလိုပါဘူး ...
သစ္စာတရားတွေ ဖြန့်ဖြူး
မေတ္တာတရားတွေ ရနံ့ကြူးနေရင်
လမ်းဖြူးဖြူးလို့ မှတ်ယူပြီး လျှောက်လိုက်စမ်းမယ် ...
ကဲ ... ဒါဆို ... ကျွန်မရဲ့လမင်း
လသာညတွေ ဖန်ဆင်းပေးရင်း
ချစ်သူ့ အပြုံး ၊ ချစ်သူ့စကားလုံးတွေကြားမှာ
ရုန်းမထွက်နိုင်တဲ့ ကျွန်မ
သူဖန်ဆင်းတဲ့ ဘ၀မှာ
ငြိမ်းချမ်းခြင်း ရသတွေနဲ့
ကဗျာတွေ ဖွဲ့ခွင့်ရပါရစေ ...
ကျွန်မရဲ့ ကိုယ်ပွား ညီမလေး အတွက် ... :P