Tuesday 3 September 2013

ဘလော့ဂ်ဒေး အမှတ်တရ

       31 ရက် 8 လ က ဘလော့ဂ်ဒေးဆိုပြီး FB ရပ်ဝန်းမှာ အပေါင်းအသင်းတစ်စုရဲ့ post လေးတွေ ဟိုနားဒီနား ပြန်ဖတ်ရတော့ ရင်တွေတောင် ခုန်လာသလို စိတ်ထဲမှာလဲ မရောက်ဖြစ်တာ ကြာနေပြီ ဖြစ်တဲ့ ဘလော့ဂ် ရပ်ဝန်းလေးပေါ် FB notes လေးတွေကတဆင့် ခြေချခွင့်ရတော့ ရင်ထဲမှာ ရှိနေတဲ့ပိုးလေးက ခေါင်းပြန်ပြူလာတယ် … စိတ်ထဲမှာလဲ စာတွေပဲ ပြန်ရေးချင်သလိုလို ဖြစ်လာတယ် … ဖြစ်တာက ခုမှ မဟုတ်ပါဘူး … ကြားထဲမှာလဲ ခဏ ခဏ ရးချင်တဲ့ အကြောင်းအရာလေးတွေ ပေါ်လာလေ့ရှိပေမဲ့ ကြိုဆိုသူမဲ့ အိမ်လေးပေါ်ကို တက်ရမှာ ရွန့်တွန့်တွန့် ဖြစ်နေခဲ့မိတယ် … ခုတလော သူများတွေရဲ့ စာလေးတွေ ပြန်ဖတ်ရတဲ့အချိန်မှ အသိတစ်ခု ပြန်ဝင်လာပြန်တယ် … ဟိုးတစ်ချိန် ဘလော့ဂ် စမရေးခင် အလုပ်အားတဲ့ အချိန်တိုင်း online ပေါ်မှာ သတင်း ၊ ရုပ်ရှင် ၊ သီချင်းက စလို့ ဖတ်ချင်တဲ့ စာတွေ ၊ သိချင်တဲ့ အကြောင်းအရာတွေ မှန်သမျှတက်ရှာရင်းနဲ့ ဘလော့ဂ်ဆိုတာကို စပြီး သတိထားမိ လာတယ် … အဲဒီအချိန်မှာကတည်းက တချို့ နံမည်ရနေတဲ့ ဘလော့ဂ်ဂါကြီးတွေ နံမည်ရနေတဲ့ နည်းပညာဆိုဒ်တွေလဲ အများကြီးတွေ့လာရတယ် … online ပေါ်မှာပဲ လျှောက်လည်ရင်း စာလိုက်ဖတ်ရင်းနဲ့ ကိုယ်တိုင်လဲ ဘလော့ဂ်လေး စလုပ်ဖြစ်တယ် … လုပ်ဖြစ်တာတောင် ကိုယ့်ဘာသာ diary ရေးသလိုပဲ ရေးနေမိတာ … ချပြရလောက်တဲ့ စာတွေလဲ မဟုတ်လေတော့ ဘယ်သူ့ကိုမှလဲ ချမပြဖြစ်ခဲ့ဘူး … ဒီလိုပဲ internet ဆိုတာကို 24hrs သုံးဖို့ အဆင်ပြေတဲ့ ဆီမှာ ရောက်နေတဲ့ နေရာမှာ ရှိနေလို့ အလုပ်ပင်ပန်းတဲ့အခါ၊ စိတ်ညစ်တဲ့အခါ စိတ်ပျော်တဲ့အခါ၊ ပျင်းတဲ့အခါ၊ အထီးကျန် ခံစားရတဲ့အခါ၊ ထွက်ပေါက်ပေးချင်တဲ့ အခါတွေမှာ ရေးခဲ့မိတယ် … အဲဒီမှာ မရေးခင် ning site လေး တစ်ခုမှာလဲ ရေးဖူးလေရဲ့ … နောက်တော့ စာတွေလည်ဖတ်ရင်း ကောမန့်လေးတွေ ဖတ်ကြည့်ရင်းနဲ့ only me မဟုတ်တော့ပဲ public ပေါ်ရောက်လာခဲ့တယ် … အဲလိုနဲ့ 2009 August ထဲမှာပဲ ဘလော့ဂ်ပေါ် ခပ်တည်တည် တက်လာဖြစ်ခဲ့တယ် … စရေးတာတွေ ပြန်ဖတ်ကြည့်ရင် ကိုယ့်ဘာသာ ရယ်မိတဲ့အခါလဲရှိ ၊ ရှက်မိတဲ့အခါလဲ ရှိပေါ့ … ဘယ်သူဖတ်ဖို့ ရေးတာမဟုတ်ပဲ ကိုယ့်ရဲ့ ပေါက်ကွဲသံစဉ်တွေ ရေးနေ ခိုက်မှာပဲ ရေးဖေါ်ရေးဖက် သူငယ်ချင်း၊ အပေါင်း အသင်းတွေ ရောက်လာပြီး ကောမန့်တွေ ပေးသွား စီဘောက်စ် ထဲအော်သွားနဲ့ ဘလော့ဂ်ပေါ်မှာ တရုန်းရုန်းဖြစ်ခဲ့တဲ့ ကာလလေးက ပျော်စရာကောင်းခဲ့သလို လွမ်းစရာလဲ ကောင်းခဲ့တာ အမှန်ပါ … အဲဒီကာလတွေ ဆီမှာတော့ အလုပ်ထဲ လဲသူ့စိတ် ၊ အပြင်သွားလဲသူ့စိတ် ၊ စားလဲသူ့စိတ် ၊ အိပ်လဲသူ့စိတ် ၊ ဖြစ်တဲ့ထိအောင် လွှမ်းမိုးခံရဖူးတယ် … တစ်ခါ တစ်လေ အိပ်ယာပေါ် ရောက်တာတောင် အတွေးထဲ သူရောက်လာရင် အိပ်ယာထ မေ့သွားမှာစိုးလို့ ထ ရေးတဲ့အထိ စွဲလန်းခဲ့ဖူးတယ် … နည်းပညာဆိုဒ်တွေ သွားပြီး ကိုယ့်အိမ်လေးကို အမျိုးမျိုး အလှဆင်၊ ခြယ်ကာသ ရတာလဲ အမော … သူ့အပေါ် ပေးခဲ့ရတဲ့ အချိန် နဲ့ ကိုယ် ၊ စိတ် ၊ နှလုံး သုံးပါးလုံးကိုလဲ ရွှင်ပြုံးကျေနပ်ခဲ့ဖူးတယ် … ဘယ်သူ့အတွက် မှ မဟုတ်သလို ဘာအကျိုးအမြတ် အတွက်မှ မဟုတ်ပဲ ပျော်ခဲ့မိတဲ့ နေရာလေးကို အကြောင်း အမျိုးမျိုး နဲ့  မြန် မြာ ပည်  ပြန်ရောက်သွားတာက တစ်ကြောင်း ၊ အိမ်ထောင့် တာဝန်တွေ ပိသွားတာက တစ်ကြောင်းနဲ့ နှုတ်မဆက်ပဲ ခွဲခွာခဲ့ ရတယ် … ကျွန်မခွဲခွာပြီး သိပ်မကြာခင်မှာပဲ တစ်ချို့သူတွေလဲ အကြောင်းအမျိုးမျိုးနဲ့ နှုတ်မဆက်ပဲ ထွက်ခွာ ၊ တစ်ချို့တွေလဲ သိသိသာသာ နှုတ်ဆက် ၊ တစ်ချို့တွေလဲ နေမြဲအတိုင်း ကျန်ရစ်နဲ့ ဘလော့ဂ်ပေါ်မှာ သိသိသာသာ ခြောက်ကပ် တိတ်ဆိတ်သွားပြီး ဖဘပေါ် မှာပဲ အပေါင်းအသင်းတစ်ချို့ကို တွေ့နေရတယ် … ကိုယ့်အိမ်လေး လွမ်းလို့ သွားကြည့်ရင်း ရောက်ရင်လဲ သရဲခြောက်မတတ် တိတ်ဆိတ်နေလေရဲ့ … အဲလိုနဲ့ တစ်ခါတစ်လေ ရေးဖို့ အကြောင်းအရာလေးတွေ စဉ်းစားမိပေမဲ့ အိမ်ကလေးပေါ် မရောက်ဖြစ်တဲ့ထိ ခြေလှမ်းတွေ တုန့်နေခဲ့တယ် … ဘလော့ဂ်စရေးကတည်းက ဘယ်သူဖတ်ဖို့ ဆိုပြီး ရေးခဲ့တာ မှ မဟုတ်ခဲ့ပဲ ကိုယ့်ဘာသာ ရေးချင်လို့ ရေးချင်ရာတွေ ရေးနေခဲ့ပြီး ဒီအတိုင်းပစ်ထားခဲ့မိတာ ကိုယ်ဆောက်ထားတဲ့ အိမ်လေး ကိုယ့်ဘာသာ ဖြိုချမိသလို အတွေး ၀င်လာပြန်တယ် … ( ဘလော့ဂ်ဒေးရဲ့ လှိုင်းခတ်မှုနဲ့ပေါ့ … ) ♫♪♪ ♫♪ ဒီကစပြီး …. ♫♪ ရှေ့ကိုလေ …… ♫♪♪ ♫♪ ဆက်မဆိုတော့ပါဘူး … မသေချာသေးလို့ :) … ဖဘမှာ 2009 ကတည်းက အကောင့်ဖွင့်ထားပေမဲ့ မရောက်ဖြစ်ဘူး … ဒီလိုပဲ သတင်းလေး တက်ဖတ်လိုက် သူငယ်ချင်းအပေါင်းအသင်းတွေ ဘာတွေလုပ်နေတယ်ဆိုတာ တက်ကြည့်လိုက်ကလွဲလို့ ချစ်ခင်ပျော်ဝင်ပြီး မသုံးဖြစ်ဘူး … ကျွန်မရဲ့ အချစ်ဦးလောက် မချစ်တာတော့ အသေအချာပဲ :) … ဘာလို့ဆို ကျွန်မရဲ့ FB Friends ထဲမှာ ဆိုရင် စာရေးဆရာ ၊ ကဗျာဆရာ ၊ ပန်းချီဆရာ ၊ ဓါတ်ပုံဆရာ၊ ဘလော့ဂ်ဂါနဲ့ ကျွန်မရဲ့ အမျိုးအရင်းတွေပဲ ရှိနေခဲ့တယ် … ကျွန်မကို သိတဲ့သူပဲဖြစ်ဖြစ် ၊ မသိတဲ့သူပဲ ဖြစ်ဖြစ် ကျွန်မက add သည်ဖြစ်စေ ၊ ကျွန်မကို add သည် ဖြစ်စေ ကျွန်မရဲ့ friend list ထဲမှာ ကျွန်မချစ်တဲ့ အနုပညာသမားတွေရဲ့ ပုံရိပ်တွေကို အလွယ်တကူ တွေ့နေရတဲ့ အတွက် ကျွန်မ ဂုဏ်ယူမိတယ် … ကျွန်မ friend list ထဲမှာ ရှိတဲ့ ဘလော့ဂ်ဂါတွေ အားလုံးက ကျွန်မကို မသိပေမဲ့ ကျွန်မသိတဲ့ ကျွန်မလေးစားတဲ့ ကျွန်မမြတ်နိုးတဲ့ ဘလော့ဂ်ဂါ အားလုံးဟာ ကျွန်မရဲ့ အချစ်ဦးတွေပါပဲ … ခုထိလဲ ချစ်နေဆဲပါပဲ ... <3

6 comments:

Yan said...

ဘလော့ဂ်ရေးသားခြင်းကို အရင်ကလိုပဲ ပြန်လည်ရင်ခုန် ဆန်းသစ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် Sis လင်းကြယ်စင်...

ဒီပို့စ်လေးကို Blog Digest Fan Page လေးအတွက်လည်း ယူသွားပါကြောင်း.... :)

ခင်မင်လျက်

Yan.

khun said...

ဟိုတုန်းကအချိန်တွေကို သတိရတယ်...
အစ်မက သတိတရနဲ့စာတွေရေးလို့ တော်တာပေါ့။
ကြည်ဖြူဆို ကိုယ့်အိမ်ကို ပြန်မ၀င်ကြည့်တာတောင် ကြာလှပေါ့ ... :D

မြသွေးနီ said...

အမှန်ပဲ... ဘလော့ရေးနေရင်ကို ရင်တွေခုန်နေရတာနော်..

လင်းကြယ်စင် said...

မမ မြသွေးနီ … <3
ညီမလေး ကြည်ဖြူ … <3

Anonymous said...

blog
Facebook
တစ်ချိန်လုံး ငါခေါင်းစိုက်


Mae Sin

မောင်သီဟ said...

ကျွန်တော်က အားမှဘလော့မှာရင်ခုန်ဖြစ်တော့ တယ်ဗျာာာ.... အခုတော့ ဖဘကိုနည်းနည်း လျော့ပြီးဘလော့တွေဖက်ပြန်လှည့်မယ်လို့ တွေးထားတယ်း)