Sunday 3 January 2010

အဖြူရောင် သံစဉ်များ အပိုင်း (၄)


                                ကြိုဆိုပါတယ် 2010 … ကျွန်မအတွက်မဟုတ်ပါ … ကျွန်မနဲ့ ကျောင်းတုံးက အရိပ်ပမာ ရှိနေခဲ့တဲ့ သူငယ်ချင်းလေး အတွက်ပါ … ကျွန်မတို့ ကျောင်းပြီး ကတည်းက ကွဲသွားလိုက်ကြတာ ဆယ်စုနှစ်တစ်နှစ်ကို ကျော်လာခဲ့ပါတယ် … ပြန်တွေ့ကြတာလဲ မကြာသေးတာမို့ တွေ့ကြတဲ့ ခဏလေးလဲ အလွမ်းမပြေနိုင် စကားတွေလဲ ပြောလို့ မကုန်နိုင် … ကျွန်မ ဒီဘက်ကို ရောက်သွားလိုက်တာ ရှိစုမဲ့စု သူငယ်ချင်းတွေ အားလုံးအဆက်အသွယ်အကုန်ပြတ်ကုန်ပါတယ် …

                            ခုကျွန်မ ရန်ကုန်ပြန်ရောက်နေတယ်ဆိုတာနဲ့ ဖြစ်အောင် လာတွေ့ပါတယ် ... ကွဲသွားပြီးကတည်းက ပထမဆုံး လူချင်းပြန်တွေ့တာမို့ ရှေးဖြစ်ဟောင်း နှောင်းဖြစ် ဟောင်းတွေလဲ ပြောလို့မကုန်နိုင် …သူက အချိန်မရ ကျွန်မက မအားနဲ့မိုလဲ စကားက မပြတ် … သူ့အကြောင်း ကိုယ့်အကြောင်း ကိုယ်မသိလိုက်တာတွေ ခပ်များများ … ကျောင်းပြီးနောက်ပိုင်း အလုပ်ကိုယ်စီ ၀င်လုပ်ကြရင်း ကွဲသွားလိုက်တာ …

                                 အဲဒီနောက်ပိုင်းသူက အလုပ်ထွက် ကျောင်းတွေ ဆက်တက်နေခဲ့တာ M.E ပြီးသွားတဲ့ အထိ .. အဲဒါတွေလဲ ကျွန်မ မသိလိုက် … ခု ကျောင်းပြီးပြန်တော့ နောက်ဆုံးကြံရာမရ ၀န်ထမ်း ၀င်လုပ်နေခဲ့ပြန်တယ်တဲ့ … ကျွန်မသူငယ်ချင်း ကျွန်မနဲ့ တွဲဖြစ်ခဲ့တာလဲ မပြောနဲ့ … ဘယ်လောက် စိတ်ရူးပေါက်လဲဆို ဒီဘွဲ့ကြီး ရထားပြီး ယူထားပြီးမှ အင်မတန်သတ္တိကောင်းစွာ S.A.E Scale နဲ့ပဲ 10 နှစ် Bond ထွက်ရင် 10 သိန်း အလျော်နဲ့ ၀င်လုပ်ခဲ့တယ်တဲ့ … ကျွန်မလဲ ဘယ်လိုစိတ်ကူးမျိုးနဲ့လဲလို့ မေးကြည့်တော့ သူကိုယ်တိုင် သူ့ကိုယ်သူ ဘာစိတ်ကူးတွေများနဲ့လဲ လို့ မစဉ်းစား တတ်အောင်ပဲတဲ့ …

                              ခုတော့ ကျွန်မသူငယ်ချင်းလေး လုပ်သက်သုံးနှစ်လောက်ပဲ ရှိသေးတာမို့ ရှေ့တိုးမရ နောက်ဆုတ်အခက်နဲ့ … 2010 ကို မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်မျှော်နေပါတယ် … ထွက်ဖို့ရာလဲ ဒီအလုပ်ရဖို့ကိုပဲ ခက်ခဲစွာ ကြိုးစားခဲ့ရတဲ့အပြင် လျော်ရအုံးမယ်ဆို မတန်လွန်းလို့ပါတဲ့ … အဲဒီတော့ 2010 ဆိုတဲ့ နှစ်သစ်ကြီးကြရင် စနစ်တွေ တစ်မျိုးပြောင်းလို့ သူ့ရဲ့ Bond လေးများပြယ်ခဲ့ရင် ဆိုတဲ့ အတွေးတွေနဲ့ စိတ်ကူးပုံဖော်မျှော်လင့်ကြိုဆိုနေတဲ့ သူငယ်ချင်းလေးနဲ့ ထပ်တူ သူ့မျှော်လင့်ခြင်းတွေ ပြည့်ဝပါစေ ဆန္ဒပြုရင်း ကျွန်မလဲ ကြိုဆိုပါတယ် 2010 …

                           အားလုံးသော ကျွန်မသူငယ်ချင်းတွေလဲ 2010 မှာ စိတ်သစ်လူသစ် မျှော်လင့်ခြင်း အသစ်တွေနဲ့ ပျော်ရွှင်ဖွယ်နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း ဒီပို့စ်လေး တင်ခြင်းလွန်းလို့ အခက်အခဲ အမျိုးမျိုးကြားကနေ တင်လိုက်တာပါ ...

9 comments:

~ဏီလင်းညို~ said...

လင်းရေ...
အသစ်တင်ထားတာတွေ့လို့ လာဖတ်တယ်ဗျ...။
သူငယ်ချင်းလေးအကြောင်းကလည်း...ဆိုးပါ့ဗျာ...။ သနားစရာ..မတန်ဘူးပေါ့နော်...။ တစ်ခါတစ်လေလည်း...ဆုံးဖြတ်ချက်တွေ မှားတတ်ကြမှာပါနော်...။
ပျော်ရွှင်အောင်မြင်တဲ့ နှစ်သစ်ဖြစ်ပါစေဗျာ...
ခင်မင်တဲ့
ဏီလင်းညို

သူရိန်မင်း said...

သူများတော့ ပြောတယ် bond မဟုတ်ဘူးလား လင်းရဲ့ born ရှိသေးတယ်ဆိုတော့ အတွေးတွေ ချော်သွားမိရဲ့ .... :)

နွေဆူးလင်္ကာ said...

အေးဗျာ အဲဒီ ဘွန်းတွေကို မချုပ်ခင်က သေချာစဉ်းစားကြသင့်တယ်နော်။

ရွှေပြည်သူ (ShwePyiThu) said...

မင်္ဂလာနှစ်သစ်ပါ အစ်မလင်းရေ။ ၂၀၁၀ တနှစ်ပတ်လုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံငြိမ်းချမ်းပါစေ။ အစ်မသူငယ်ချင်းလည်း အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။

မြတ်မွန် said...

လင်း ..မရေ..နှစ်သစ်မှာ ပျော်ရအင်ပါစေနော်..။
ချစ်ခင်လေးစားတဲ့.......

မြတ်မွန် said...

ပျော်ရွှင်ပါစေလို့ ရေးတာပါ မရေ..မှားသွားလို့..ဆော်တီး

မောင်သီဟ said...

မင်္ဂလာနှစ်သစ်မှာပျော်ရွှင်ပါစေအစ်မရေး)

Anonymous said...

SAE ကို bond နဲ့ဆိုတော့လွန်တာပေါ့ဟာ။
bond မထိုးထားပေမယ့်လည်း သူတို့လုပ်ချင်တာလုပ်နေတာပါပဲ။ တော်ပြီ.. ပြန်ပြောရင် အဟောင်းတွေ အစုတ်ဖြစ်တယ်။
သူ့(လူမိုက်မလေး)ကို ငါကလည်း သတိရပါတယ်လို့ ။

K

Anonymous said...

သူငယ်ချင်းလေး တယောက် ၂၀၁၀မှာအောင်မြင်မှုတွေ ပိုင်ဆိုင်ပါစေလို့....