Tuesday 15 December 2009

ဒီဇင်ဘာည

         
                       လတွေထဲမှာ ဒီဇင်ဘာလလေးကို သဘောကျတယ်...  အေးချမ်းတဲ့ ရာသီဥတုလေး ဖြစ်တာ တစ်ကြောင်း  နှင်းတွေကျတတ်တာကိုရော နောက် တစ်နှစ်ကူးရင်ရော ဘာတွေ ဖြစ်အုံးမလဲ အတွေးတွေနဲ့ အတူ ပျော်မွေ့ဖွယ် ရာသီပွဲတွေကို မြင်ရတာ ကိုယ်နဲ့မဆိုင်ပေမဲ့  သဘောကျတာလေး တွေ အများသား... မနေ့ညက ခရစ်ယာန် သူငယ်ချင်းတွေ Carol Singing လာဆိုကြတယ် ….. Merry Christmas to you ! ဆိုတာတွေလဲ လုပ်ပေါ့ ….  ♫♪ ဤအိမ်ပေါ်သို့ ကောင်းချီးမင်္ဂလာရောက်စေသောဝ် .. ရောက်စေသောဝ် ♫♪.. ဆိုတာတွေလဲ ပါရဲ့ … ဘုရားသခင်ကို တိုင်တည်ဆုတောင်းခြင်း အမှုတွေကိုလဲ ပြုလို့ …

                          အဲဒီထဲမှာ ကလေးတွေ ငါးနှစ် ၊ ခြောက်နှစ် လောက် ကလေးလေးတွေက စလို့ မိန်းကလေး ၊ ယောက်ကျားလေး အရွယ်စုံ ၊ ဆိုဒ်စုံ ၊ အသက်ခပ်လတ်လတ် ၊ ခပ်ကြီးကြီးတွေရော ပါကြတယ် ….. အားလုံးပဲ ပျော်ရွှင်လို့ ဘာသာတရားအပေါ်မှာလဲ ယုံကြည်သက်ဝင်ခြင်း အပြည့်နဲ့ သီချင်းတွေ အားတက်သရော သီဆိုနေကြတာ ကလေးတွေ အသံကတောင် ပိုပြီး စူးထွက်နေသလို … ဆိုတော့ စဉ်းစားမိတာပါ … ညရဲ့ လမ်းမီး အလင်းရောင်အောက်မှာ (လက မသာတော့လေ…)

                        ဂီတက လူတွေကို ဘယ်လောက်ထိ လွှမ်းမိုးနိုင်စွမ်းရှိလဲဆို သူတို့ရဲ့ ဘာသာမှာ ဘာသာတရားကိုလဲ ဂီတနဲ့ အသက်သွင်းထားလေတော့ ကလေးလေးတွေကစလို့ သူတို့ရဲ့ ဘာသာတရားကို မြတ်မြတ်နိုးနိုးနဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ ဟန်တွေတွေ့ရတာ ကျေနပ်အားရစရာ ကောင်းလှတယ် …

                       ကိုယ်ကိုယ်တိုင်လဲ ငယ်ငယ်တုန်းက အိပ်ယာက နိုးတာနဲ့ သီချင်းသံလေး ကြားလိုက်ရရင် တော်တော်ပြည့်စုံသွားသလို စိတ်မှာ ဖြစ်ဖူးတယ်… ခုအဲလောက် မဟုတ်တော့တာတောင် အလုပ်တွေ ပင်ပန်းရင်ဖြစ်ဖြစ် ၊ စိတ်တွေ ရှုပ်ထွေးနေတဲ့ အခါမျိုးဖြစ်ဖြစ် သီချင်းအေးအေးလေးတွေ နားထောင်လိုက်ရရင် စိတ်အပန်းပြေသွားသလို ခံစားရတယ် … ဆိုတော့ ဂီတက လူတွေရဲ့ စိတ်ကို ညွတ်နူးပြောင်းလဲစေနိုင်တာတော့ အမှန်ပဲ …

                        ကျွန်မ နောက်တစ်ခု သူတို့ဆီက နှစ်သက်မိတဲ့ အလေ့အထလေး တစ်ခု ရှိတယ် … အဲဒါ ခရစ်ယာန်ဘာသာမှာရော ၊ အစ္စလာမ်ဘာသာမှာရော တွေ့ရတဲ့ အလေ့အထလေးပါ … ရှာလို့ရတဲ့ ဥစ္စာစီးပွားကို ဆယ်ပုံတစ်ပုံ (သူတို့အခေါ် ဆယ်ဖို့တစ်ဖို့ ) ဖယ်ထားပြီး အလှူအတန်းလုပ်တာပေါ့နော် … တော်တော်များများ မဖြစ်မနေလုပ်ကြတာ တွေ့ရတယ် … ကျွန်မ အရမ်းသဘောကျတယ် … အဲဒီ ဓလေ့လေးကို … တကူးတက အားစိုက်စရာ မလိုပဲနဲ့ အလှူအတန်း အမြဲ လုပ်ဖြစ်တဲ့သဘော ဆိုတော့လေ… ( ဒီဇင်ဘာည ဟိုတွေး ဒီတွေးရေးလိုက်တာပါ  … )

                        ဘာမှမဟုတ်ပါဘူး (လို့ ပြောရင်လဲ ပြောအုံးမယ် ) ... အဲဒီတော့ ဟုတ်ပါတယ် ပေါ့ .. လင်းနစ်ရဲ့ တစ်ပုဒ်တည်းသော သီချင်းလေးကလဲ ဒီလိုညနဲ့ လိုက်ဖက်နေလို့ နားထောင်မိရင်း  ဒီဇင်ဘာည ဆိုပြီး တွေးမိသမျှ ရေးမိပါသည် ...

10 comments:

ညလင်းအိမ် said...

ဒီဇင်ဘာညတွေတိုင်း ပျော်ရွှင်စေချင်တယ်ဗျာ...
ကျွန်တော်ကတော့ အသက်မဲ့တဲ့ ဒီဇင်ဘာညတွေကို ဘယ်အချိန်အခါထိ ဖြတ်သန်းရအုန်းမလဲ မသိဘူး...

ဘာရယ်မဟုတ်ပါဘူးလို့ ကျွန်တော်ကပဲ ပြောသွားပါရစေတော့နော်...

ကျေးဇူးနော် အစ်မလင်း...
ကျွန်တော်လည်း လင်းနစ်ရဲ့ ဒီဇင်ဘာည သီချင်းကို အရမ်းကြိုက်တာ...

သိင်္ဂါကျော် said...

ဟုတ်တယ်.. ခရစ်ယာန် မဟုတ်ပေမယ့် ခရစ္စမတ် သီချင်းတွေကိုလည်း သဘောကျတယ်...

မောင်သီဟ said...

အစ်မရေ ဒီဇင်ဘာညဆိုတဲ့ သီချင်းကို ကျွန်တော်လည်း
အရမ်းရမ်းကြိုက်တယ်ဗျး)
း)

Anonymous said...

သီချင်းတွေလိုက်ဆိုနေကြပြီလား။
လွမ်းစရာကြီးနော်

K

လင်းကြယ်ဖြူ said...

ဒီဇင်ဘာ ညတစ်ညနှင်းကျတဲ့ ကျ
အပြင်မှာအေးသလောက် .....
ရင်ထဲမှာ ပူလောင်နေဆဲ...ဆိုတဲ့
ကိုဘိုဖြူ သီချင်းလေးကို သတိရမိတယ်..
အပြုသဘောတွေးရင်တော့ ကြည်နူးစရာ ဒီဇင်ဘာ...တဲ့

ဒီဇင်ဘာ ဆောင်းနဲ့ အတူ အေးမြပါစေ သူငယ်ချင်းရေ
ပြီးတော့
ပျော်ပါစေ
*.*.*

khun said...

မလင်းရေ
ဒီမှာတော့ အေးလို့မနက်မထနိုင်တော့ဘူး....
illuminationတွေကတော့ အရမ်းလှတယ်။
ခရစ္စမတ်သီချင်းတွေလည်း
နေရာတိုင်းမှာ ကြားနေရပြီနော်။
မြန်မာပြည်ရဲ့ဆောင်းကိုသတိရတယ်.....
ဒီမှာလို ဟီတာတွေမရှိတော့
ခြံထဲမှာသစ်ရွက်၊သစ်ရိုးချောက်တွေစုပြီး
အဘိုးနဲ့အတူ မီးလှုံတာကိုသတိရနေတယ်
မရေ....

~ဏီလင်းညို~ said...

လင်းရေ...
ဒီဇင်ဘာတစ်လုံးလိုလို... သူငယ်ချင်း ခရစ်ယာန်တွေနဲ့ ကယ်ရိုဆင်းန်း လိုက်ရင်း.. တမ်ဘိုရင်းန် တီးပေးခဲ့တာတွေကို သွားပြန်သတိရမိတယ်ဗျာ...။ ကိုယ်က ခရစ်ယာန်မဟုတ်ပေမယ့်လည်းလေ...။ ချမ်းချမ်းစီးစီး..ဆောင်းညကြီးမှာ အမိုးပွင့်ကားကြီးပေါ်မှာ သိုးမွှေးဦးထုပ်ကို နားရွက်ဖုံးတဲ့အထိ ရောက်အောင်...ဆောင်းပြီး... လေတိုးလို့ ချမ်းခဲ့ရတာတွေ...။၊ နောက်ပြီး... တစ်အိမ်တက်ဆင်း...သီချင်းဆိုခဲ့ဖူးတာတွေ...၊ (ကျွန်တော်ကတော့ ရောချပေါ့လေ...) ပြီးတော့ အဲ့ဒီအိမ်တွေက ကျွေးသမျှ မုန့်တွေကိုစား... နောက် အဲ့ဒီအိမ်တွေက ကျွေးတဲ့ သကြားလုံးတွေကို အိတ်ထဲထည့်ပြန်ခဲ့တာတွေကို ပြန်သတိရသွားမိတယ်ဗျာ...။

ခင်မင်တဲ့
ဏီလင်းညို

မြတ်မွန် said...

ခရစ်ယန် မဟုတ်ပေ မဲ့ ခရစ်စမတ် နေ့ဆိုပျော်တယ်..ခရစ်စမတ် အပင်လေးကိုလဲ ကြိုက်တယ်.. နှင်းတွေကိုလဲ ချစ်တယ်..ဒီဇင်ဘာ သီချင်းလေးကိုလဲ အမြဲတမ်းနားထောင်ဖြစ်တယ်..ကြိုက်လို့..။

maylay said...

လင်းရေ သီချင်းတွေကိုကြိုက်တယ်နော်။ နာ ကူးတောင် ကူးသွားချင်တယ်။
ဒီဇင်ဘာည... အဖြူရောင်မြူနှင်းကြားမှာ..... အတူဆုံနေကျ ဒီလိုအချိန်လေးရောက်လာ...
ဒီဇင်ဘာညတည .... သာနေတဲ့လလို.... အပြင်မှာ အေးချမ်းသလောက်... ရင်တွင်းမှာ ပူလောင်နေဆဲ...
ဟဲဟဲ လင်းရေ နာ သီချင်းနှစ်ပုဒ်ရောဆိုသွားတယ်။ သတိရတယ်ကွ။ ဒီဇင်ဘာက နှစ်တနှစ်ရဲ့ရုပ်ကြွင်း ။ နောက်တနှစ်ကို မျှော်ချင်တဲ့သူကို လွမ်းစေတဲ့ ရှုခင်းတွေ ဝေတဲ့လလေ။ ငါလည်း ဒီဇင်ဘာကို ချစ်တယ်။

ကိုရင်စည်သူ said...

မလင်းရေ... ကျနော်ကတော့ ဘယ်လူမျိုးအထိမ်းအမှတ်ပွဲဖြစ်ဖြစ် သဘောကျတယ်။ ဟဲဟဲ... ဒီဇင်ဘာမှာ ကျင်းပတဲ့ ခရစမတ်ကတော့ အကြိုက်ဆုံးထဲကတစ်ခုပေါ့။
ဒီဇင်ဘာညဟာ ကျနော်တို့လို့ အလွမ်းဓါတ်ခံကောင်းတဲ့သူတွေအဖို့ ဆောင်းလေအေးနဲ့အတူ ခံစားချက်တွေ လွင့်မျောဖို့အကောင်းဆုံး ညတွေပါ။ တို့မကြီးမလင်းကတော့ အဲဗားအေးဆေးပဲနော်..း)