Sunday 13 December 2009

နွယ် ...


အလှပေါ် အယဉ်ဆင်နိုင်ဖို့
ပင်မြင့်ပေါ်ကို တက်တဲ့ နွယ်
ဒီနွယ်လဲ အပြစ်မဆိုသာ
သူမြဲနိုင်ဖို့ ...
ပင်မအစာအဟာရတွေ စားသုံး
ရုန်းမရတဲ့ ပင်စည်
ဝုန်းကနဲ မလဲပေမဲ့
ယိုင်နွဲ့ချင်ရှာပြီ .....

ကိုယ်ထဲက စိတ်ကို မိုးနိုင်ဖို့
စိတ်ထဲကို ၀င်တဲ့နွယ်
ဒီနွယ်လဲ အပြစ်မဆိုသာ
သူမြဲနိုင်ဖို့ ...
စိတ်အစာအဟာရတွေ စားသုံး
ရုန်းမရတဲ့ ကိုယ်
စိတ်ထောင်းလို့ ကိုယ်ကြေခဲ့
ယိုင်နဲ့ချင်ရှာပြီိ …..

( နဲ့တာနော ... နွဲ့တာမဟုတ်ပါ ...)

ဘာမှ မဟုတ်ပါဘူး ... တစ်ချို့ နွယ်ပင်တွေ သစ်ပင်ကို သေလုမျောပါး ဖုံးအုပ် ၀ါးမြိုသွားတာတွေ့ဖူးလို့ ... သံယောဇဉ်ဆိုတဲ့ နွယ်လဲ အဲလိုပဲ ဖြစ်မယ် ထင်တယ် ...

9 comments:

~ဏီလင်းညို~ said...

လင်းရေ...
ဟုတ်တယ်ဗျာ...။
အဲ့ဒါအမှန်ပဲနော်...။
သံယောဇဉ်ဆိုတာ...ဖြတ်တောက်ဖို့ ခက်ခဲတတ်ရုံသာမကပါဘူး...၊ ပိုတောင်ကြီးထွားလာတတ်သေးတာမျိုးလေးနော်...။
ကဗျာလေးကောင်း၏။

ခင်မင်တဲ့
ဏီလင်းညို

သိင်္ဂါကျော် said...

ဟုတ်တာပေါ့ နွယ်တစ်နွယ် ရစ်ပတ်မိခဲ့ရင် ရုံးထွက်ရခက်ပါတယ်..

မောင်သီဟ said...

အနော်ကမှ နွယ်ညှိနေတာဗျး)
ကဗျာလေးကောင်းတယ်အစ်မ

Anonymous said...

တယ်ဆိုတဲ့ စာလေးပါလားဗျာ..။ မျက်စေ့ထဲ နွယ်ပင်တွေ ဖုံးအုပ်သွားတဲ့ အပင်ကို သွားမြင်မိတယ်။ ခိုင်းနှိုင်းတင်ပြသွားတာလေး သဘောကျမိတယ်။

လင်းကြယ်ဖြူ said...

နွယ်တစ်ပင်
တွယ်ငင်လို့ ရုန်းမရတဲ့ အဖြစ်လေး ခံစားမှုလေး
ကို လာခံစားရင်းနဲ့
ဒီလို နွယ်က ရစ်သထက်ရစ်တတ် ပါလားလို့ ...
ပျော်ပါစေခင်ဗျာ

ညလင်းအိမ် said...

သံယောဇဉ်နွယ်က ရစ်သထက်ရစ်တတ်တယ်တဲ့လားဗျာ...

ကျွန်တော်ကတော့ နစ်သထက်နစ်နေပြီဗျာ...း(

Anonymous said...

နွယ်ဆိုတာ ရစ်ပတ်တဲ့သဘောတဲ့

ရုန်းမရတာ ဖြစ်မယ် လင်း ရုံးမဟုတ်ဖူးလေ

Anonymous said...

"ဘာမှမဟုတ်ပါဘူး"ဆိုတာ"တစ်ခုခုတော့ဟုတ်တယ်"လို့ ပြောတာမဟုတ်လား ငါ့သူငယ်ချင်းကို နောက်တာပါဟာ၊ နွယ်ခမျာလည်း နွယ်ရမှအသက်ဆက်နိုင်မယ့် သဘာဝ ရှိရှာတာကိုး၊ နွယ်ခွင့်ပေးလိုက်ပါ။

K

maylay said...

နွယ်တဲ့ ချစ်စရာလေး။ ငါလည်း ရေးတတ်ချင်လိုက်တာ။ တခြားတပင်တွေမှာ တွယ်တက်နေတဲ့ နွယ်တွေတွေ့တိုင်း ရေးတတ်ချင်ခဲ့တာကွ။ ကြီးလာလေလေ သံယောဇဉ်နွယ်တွေနဲ့ နွယ်မိလေလေ ပိုနားလည်လာတာပါပဲ။ နွယ်ခွင့်ပေးတယ်ဟုတ် သယ်ရင်း ကျန်းမာပျော်ရွှင်ပါစေ