Wednesday 26 August 2009

ခွဲခွာလက်

Friends18.com Orkut MySpace Hi5 Scrap Images




သူငယ်ချင်းရဲ့ ကဗျာလေးပါ... အဲဒီသူငယ်ချင်းနားက ခွင့်တောင်းပြီးမှ တင်ချင်ပေမဲ့ ဘယ်ချိန် ဘယ်ခါကျမှ
ပြန်တွေ့ကြမယ်ဆိုတာ မသေချာတဲ့ အနာဂတ်ခရီးမို့ ခွင့်ပြုချက်မရပဲ တင်မိပါတယ်...
သူငယ်ချင်းကို သတိရ ဂုဏ်ယူမိတာမို့ဒီကဗျာလေးကို အမှတ်တရ အသုံးပြုလိုက်တာပါ.....
သူက ကျွန်မ အတွက်တော့ ပုံထဲကလို 'Best Friend ' ပါ...
သူကတော့ ကျွန်မကို ပြောလိမ့်မယ်...ဒီဘက်ကလို ... ' No, You are My Best Friend ' ဆိုပြီး...
ကျွန်မ သူ့ကို တာဝန်မကျေခဲ့ဘူးလေ...
ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် ကျွန်မ သူငယ်ချင်းကို အမှတ်တရ ရှိနေခဲ့ပါတယ်.....



`ခွဲခွာလက်`

တစ်ပြည်စီဝေး

တစ်နယ်ကျေးမှာမို့

မြင်ခွင့်ရယ်မသာ

မြင်ပြန်တော့ခဏတာရယ်

ခွဲခွာရစ်ချန် .....

မယုံတာသဘာဝပင်မို့

အပြစ်ရယ်မဆိုသာ

ယုံလာရန် ကံဖန်ဆင်ဖို့

တောင်းရဆုပန် ......

ဒီဘ၀နတ်မဖန်

မဆုံရန်ကံဝေး

နောက်ဘ၀ကျန်သေးတာမို့

ပြန်တစ်ဖန်မျှော်လင့်

နောက်ဘ၀မှာချင့်

တမ်းလွှင့်လို့မှန်းမိပြန်

လွမ်းရစ်လို့ကျန် .......


ကျွန်မ ဒီပုံလေးကို Best Friend Site ကလေးကနေ ကူးယူ အသုံးပြုပါတယ်...

2 comments:

ဝက်ဝံလေး said...

ဟုတ်ကဲ့ ကြယ်စင်လေး ရေ ဖတ်သွားပါတယ်နော်

Beauty Studio USA Branded Store said...

တကယ်ကို ကာရံညီတဲ့ ကဗျာလေးဗျာ။