Tuesday 13 July 2010

ငြိမ်းချမ်းခြင်းရဲ့ သံစဉ်

 

 ကိုယ့်စိတ်တွေ ပြင်းပြ အကျဉ်းကျနေတာနဲ့
ရောင်စုံတွေ ရှေ့ချ  ဖွဖွလေး ရေးခြစ်မိတယ် ...
စိတ်ရဲ့နောက် ကိုယ်က လိုက်နေတာလား ...
ကိုယ့်ရဲ့နောက် စိတ်က လိုက်နေတာလား ...
ကိုယ်တကယ် မသိဘူး ...
သိတာတော့ ရောင်စုံခဲတံဗူး ကိုယ့်ရှေ့ရောက်နေခဲ့တာပဲ ...
လက်တည့်စမ်းတာလား ...
တည့်အောင်လက်စမ်းတာလား ...
ဒါလဲ ကိုယ်တကယ်မသိဘူး ...
သိလိုက်တဲ့ခဏတော့ ရောင်စုံခဲတံတွေ လက်ကလွှတ်ချ မရတော့တာပဲ ...
ဟင် ... ဘယ်သူပြောခဲ့တာလဲ ...
ဒီအရောင်နဲ့ ဒီအရောင်တွဲမှ မက်ရှ် (match) ဖြစ်တယ်လား ...
ဟာမိုနီ မလှတာလား ၊
သီအိုရီ မကျတာလား ၊
ဒဿနတွေလား ၊ ဂိုဏ်းဂဏတွေလား ၊
ညှိမရတဲ့ ပဋိပက္ခတွေလား ...
ဒါတွေလဲ ကိုယ်တကယ်မသိဘူး ...
ပေါ့ပ်အတ် (pop art) ဆွဲသလောက် ရောင်သွေးမကြွပေမဲ့
အ၀ါ နဲ့ အစိမ်းစပ်လို့ ပြာလွလွ ထွက်လာရင်ပဲ သဘာဝကျလှနေပြီ ...

ဘာမှမဟုတ်ပါဘူး ...  ပြန်ပြောခွင့် မသာတဲ့ ကျေးဇူးရှင်တစ်ယောက်ရဲ့ စကားလုံးတွေနဲ့ ခဏ မွန်းကျပ်သွားလို့  တိတ်တဆိတ်လေးပဲ ကိုယ့်ဘာသာ အရောင်တွေ စပ်ကြည့်နေတယ် ... ကိုယ့်ဘာသာ ဆိုပေမဲ့  Google အကူအညီနဲ့ပါ ... Google နဲ့ လျှောက်သွားနေလိုက်တာ ... ဟိုရောက်လိုက် ၊ ဒီရောက်လိုက် ၊ တစ်နေရာ ရောက်တော့ စိတ်ပြေ လက်ပျောက် ဖြစ်သွားတယ် ... စိတ်ပြေတယ် ဆိုတာ တကယ်ပါ ... အဲဒီနေရာမှာ စိတ်တွေ အကုန်ပြေသွားလို့ ... လက်ပျောက် ဆိုတာလဲ တကယ်ပါပဲ ... လက်နဲ့ လိုက်ဆွဲစရာ မလိုပဲ သူဆွဲထားတဲ့ ကာတွန်း ပန်းချီလေးတွေထဲ ကိုယ့်ကြိုက်တဲ့ အရောင်တွေ ရွေးပြီး ကလစ်လိုက်တာနဲ့ ထည့်ပြီးသား ဖြစ်သွားရော ... ကဲ ... အဲဒီတော့ လက်က ပျောက်တော့တာပေါ့ ... :P
တစ်ပုံနဲ့ အားမရလို့ နောက်တစ်ပုံ ထပ်လုပ် ကြည့်ထားတာ ... ကိုယ့်စိတ်ကူး နဲ့ကိုယ် ရေးထားတာမို့ ဖတ်လို့ အဆင်ပြေ ချင်မှ ပြေမယ် ... ဟိုကြော်ငြာ ထဲကလိုပဲ ကိုယ့် အတွေး နဲ့ ကိုယ် ကယ်လ်စီယမ် ကွေကာ သောက်ကြသည် ဆိုလားပဲ ... ခုလဲ ကိုယ့် အတွေး နဲ့ ကိုယ် ကယ်လ်စီယမ် ကွေကာ သောက်သွားကြပါ ... :P


အဲဒါ အပြာရောင် မရပါဘူး ဇွတ်ငြင်းတဲ့သူက ရှိသေး ... မယုံရင် အစိမ်းရောင် ထဲကို အ၀ါရောင်တွေ မှောက်ချကြည့် ... စိမ်းပြာလိုလို အပြာရောင် တစ်မျိုး ထွက်လာလိမ့်မယ် ... :P

ပျင်းရင် အရောင်တွေ သွားထည့် ကြည့်ပါ ... ပုံတွေ အများကြီးပဲ ... ဆွဲပြီး Link တော့ မထုတ်ပေး လာဘူး ... Code တွေပဲ ထုတ် ပေးတယ် ... ကိုယ့်ဘာသာ အဆင်ပြေအောင် လုပ်ထားတယ် ... Pop Art ပြောင်းလိုက်တော့ ထွက်လာတဲ့ အရောင်တွေ... :)


အဲလောက် အရောင် အသွေးစုံစုံနဲ့ မလှရင် တောင်မှ အပြာရောင်လေး တစ်မျိုးလောက် ရရင် ကျေနပ်ပြီ ... အပြာရောင်က " ငြိမ်းချမ်းခြင်း " ရဲ့ သင်္ကေတ မဟုတ်လား ...

7 comments:

မောင်သီဟ said...

စိတ်ရဲ့နောက် ကိုယ်က လိုက်နေတာလား ...
ကိုယ့်ရဲ့နောက် စိတ်က လိုက်နေတာလား ...
ကျွန်တော်လည်း တကယ် မသိဘူး ...
း)

Anonymous said...

အပြာရောင်က ငြိမ်းချမ်းခြင်း တခုထဲကို ဖော်ကျူးမဟုတ်ဘူးလေ....

ညီလင်းညို

Anonymous said...

ကိုယ့် အတွေးနဲ့ ကိုယ် ဖတ်သွားပါဧ။် ....း)))

ညလင်းအိမ်

သူရိန်မင်း said...

အခုတော့ အရောင်တွေစုံနေပြီပေါ့။ ရောင်စုံများနဲ့ ကမ္ဘာမြေ . . .

သိင်္ဂါကျော် said...

ပုံလေးတွေ ချစ်စရာကောင်းတယ်..

မေသစ္စာမောင် said...

လင်းရေ...လာလည်ပါတယ်။ c-box မတွေ့တာနဲ့ ဒီကနေပဲ နှုတ်ဆက်ခဲ့တယ်နော်...။

အရိုးအရှင်းဆုံးဘ၀ ကို ကြိုက်တယ်ဆိုလို့ မတွေ့ဖူးပေမဲ့ တိတ်တိတ်လေး ခင်မင်မိသွားတယ် :) ငြိမ်းချမ်းသာယာတဲ့ ဘ၀ခရီးလမ်းလေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဏီ(န်)ကင်း said...

စိတ်တွေကတော့...အဲဒိလိုကိုနောက်နေတာ...
ကျွန်တော်လဲမလာတာကြာပြီ..နေကောင်းပါစ