Tuesday 27 April 2010

“ ၀ဋ် ”

အစွယ်ကိုလိုသူ မိဖုရား ...
အသွားစေခိုင်းသူ မင်းဧကရာဇ် ...
ဘုရားကျွန်တော်မျိုးအဖြစ် အပြစ်မှတ်လို့
“ သင်သတ်လိုက သတ်ပါ ”လို့လဲ
သောနုတ္ထို မုဆိုးလို
ကိုယ့်အပြစ် မရှိတဲ့ ဖြစ်အင်
အယူခံဝင်ဖို့လဲ မမြင် ......
တစ်ဘက်ကလဲ ပုထုဇဉ်
ဘုရားအလောင်း ဆန္ဒန်ဆင်လို 
“ ခင်မ ..၀မ်းမြောက်ပါလေတော့ ” လို့လဲ 
ကြည်ဖြူစွာ ပေးအပ်မယ်မထင် .....
ကဲ ... ငမိုက်သားအသင် 
အပြစ်မရှိပေမဲ့ 
ဝဋ်ရှိတာမို့
နှစ်စေ့ (စိ) ရင်တော့ 
လွတ်တန်ကောင်းပါရဲ့ .....

5 comments:

Nyi Nyi said...

ခေါင်းလောင်းထိုးသံရယ်...ဘယ်သူ့အတွက်ထိုးတာလဲ။ လား..လား...လား..လာ..လာ။

Anonymous said...

Hoping that time will cure U ,
Be strong my dear,


K

သဒ္ဓါလှိုင်း said...

ဝဋ်ကြွေးမြန်မြန်ကုန်ပါစေ၊ကျေပါစေလို့ ရင်ထဲကနေ
နှစ်နှစ်ကာကာ ဆုတောင်းနေပါတယ်....
ခင်တဲ့
သဒ္ဓါ

ညလင်းအိမ် said...

အစ်မလင်းရေ ...
အားလုံးပဲ ၀ဋ်ကြွေးတွေ ရှိရင် ကြေပါစေ ...

မောင်သီဟ said...

အားလုံးအဆင်ပြေပါစေဗျာ