Tuesday 20 April 2010

မိုးသီးတွေ ကြွေတယ် ...

                              ရာသီဥတုတွေ ဖောက်ပြန်နေတယ် ပြောတာ လွန်အံ့မထင် … ဟိုရက်ကပဲ မိုးတွေရွာပြီး နေတွေ တအားပြန်ပူလို့ မနေနိုင်အောင်ပဲ ပြောတုန်းရှိသေး … သင်္ကြန်ပြီးမှ မပြောမဆိုနဲ့ မိုးသည်းကြီးမည်းကြီး ရွာလာလိုက်တာ … မရွာခင်တည်းက မိုးတွေ လေတွေ လာတော့မယ်မှန်း သိလို့ တံခါးတွေ အကုန်လိုက်ပိတ်ပြီး ရေချိုးခန်းထဲဝင် ရေချိုး နေလိုက်တာ … အပြင်မှာမိုးတွေ တအုန်းအုန်းချနေမှန်းမသိ … 

                               ထွက်လဲ လာရော အသံတွေ ပြင်းလိုက်တာဆိုပြီး တံခါးတစ်ချပ် ဖွင့်ကြည့်လိုက်တာ … ခေါင်မိုးကို မိုးသီးတွေ ထိပြီး ကွဲထွက်လာတဲ့ အပိုင်းအစတွေ အိမ်ထဲ ၀င်လာတယ် … တဖြည်းဖြည်းနဲ့ အဆက်မပြတ် ၀င်လာလိုက်တာ … 

                            မနေနိုင်တော့ဘူး … ခြေထောက်တွေ ဘယ်လို အပြင် ရောက်သွားတယ် မသိ … မိုးရေထဲမှာ ဖွေးဖွေး လှုပ်နေတဲ့ မိုးသီးတွေ လိုက်ကောက် နေမိတယ် … တစ်ခါမှ အဲလောက် အကြာကြီးနဲ့ မိုးသီး အကြီးကြီးတွေ ရွာတာ မတွေ့ဖူးဘူး … တစ်ချို့ဟာဆို လက်သီးဆုပ်လောက် ကြီးတယ် … 

                               ခေါင်းတွေပေါ်လဲ တဖြောင်းဖြောင်း လာရိုက်တာ … ခေါင်မိုးနဲ့ ထိပြီး ကွဲစင်လာတာတွေကလဲ လူကိုလာမှန် … အိုး … ပျော်စရာ ကောင်းလိုက်တာ … တစ်ကိုယ်လုံး မိုးရေတွေ ရွှဲပြီး ရှိရှိသမျှ ပေါက်ကွဲချင်နေတဲ့ စိတ်တွေလဲ မိုးရေစက်တွေ ၊ မိုးသီးတွေနဲ့ အတူ လွင့်စင်ကြေကွဲပစ်လိုက်တယ် … စိတ်တွေ တော်တော် အေးချမ်းပြီး ပျော်ရွှင်သွားတယ် … 


                            ကောက်ပြီး ပါးစပ်ထဲထည့် ၀ါးလိုက်၊ စားလိုက် လုပ်နေတာ … မနိုင်တော့တာနဲ့ ပန်းကန် တစ်ချပ်ယူပြီး ကောက်ထည့် ၊ အကြီးကြီးတွေ ရပေမဲ့ မိုးရေထဲမှာပဲ ပြန်ပျော် ကုန်တာမို့ သတိရလို့ ဓါတ်ပုံ ရိုက်ထားမယ် စိတ်ကူးတော့ နဲနဲ သေးသေး တွေပဲ ကျန်တော့တယ် … 

                         အင်း ... ဒါပေမဲ့ ဒီနေ့ကျလဲ သူပဲ သဲကြီးမဲကြီး ရွာခဲ့တာ မဟုတ်သလိုနဲ့ နေက ခြစ်ခြစ်တောက် ပူနေလိုက်တာ ...  အပြောင်းအလဲ မြန်လိုက်တာလဲ အရမ်းပဲ ... ဘာမှ မဟုတ်ပေမဲ့ တစ်ခါမှ မတွေ့ဖူးလို့ အမှတ်တရ ရေးထားတာပါ ... ရန်ကုန်မပြန်ခင် ကလဲ နှင်းမိုးတွေ ရွာဖူးတယ် .....

7 comments:

မေဇင် said...

ဘယ်မှာလဲဟင် ?

ဝက်ဝံလေး said...

အေးလေ ဘယ်မှာတုံး
စားချင်တယ် ရှလွတ် မရဘူး မိုးသီးလဲ အလွတ်မပေးဘူး ဟဲဟဲ

နှစ်သစ်မှာ ပျော်ရွှင်ပါစေ ဗျိုးးးးးးးး

သူရိန်မင်း said...

ပေါက်ကွဲတာ လွယ်ပါတယ်။ ရလဒ်ကို လက်ခံနိုင်ဖို့ပဲ လိုတာပါ လင်းရေ...။

khun thadar said...

အဲ့လောက်ကြီးတဲ့မိုးသီးအပြင်မှာ
တခါမှမမြင်ဖူးဘူး မလင်းရေ...
ခေါင်းကိုထိတာဆို တော်တော်
အီစလံဝေမှာနော်...
ရာသီဥတုလဲ လူတွေနဲ့အတူဖောက်ပြန်
ကုန်ပြီး မရေ...း(

ခွန်သဒ္ဒါ

Anonymous said...

ကျောင်းတက်တုံးက မိုးသီးကြွေတာ တွေ့ဖူးတယ်လေ.. လက်သီးဆုတ်လောက်တော့မရှိဘူး၊ လောက်စာလုံးလောက်၊ ငာစီးသွားတဲ့ ကားခောင်မိုးပေါ် တဖြောင်းဖြောင်းကျတာ.

K

ညလင်းအိမ် said...

ဘယ်မှာရွာတာလည်း အစ်မလင်း ...
မိုးသီးရွာတာ တခါမှ မတွေ့ဖူးလို့ ...

မြတ်မွန် said...

ခေါင်းမနာဘူးလား မမရယ်..
မိုးသီးခုထိ မမြင်ဘူးသေးဘူးမမရေ..