ခရစ်နှစ်ကူးပြီးပြန်တော့ မြန်မာနှစ်ကူးပြန်တော့မယ်…. ဘယ်နှစ်တွေပဲ ကူးကူး တကယ်တော့ အသက်တစ်နှစ် ကြီးလာပြန်ပြီ ဆိုတဲ့ သဘောပါပဲ… ( ကိုယ်ထင်တာ ပြောတာ ...)
ဒီတစ်ခေါက် ရန်ကုန်ပြန်လိုက်တာ ရာသီဥတုပူလွန်းလို့ မနေနိုင်ဘူး… အရင်အခေါက်တွေ ရန်ကုန်ပြန်ရောက်ရင် ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ ဘာစားမယ် ၊ ဆိုတဲ့ အတွေးတွေ ရှိတယ် … ခုတော့ ရာသီဥတု ပူလွန်းတာကြောင့် ဘယ်နေရာသွားသွား ၊ ဘယ်နေရာရောက်ရောက် ရေအေးအေးလေး သောက်ချင်တဲ့ ဆန္ဒကလွဲရင် ဘာအာသီသမှ မရှိခဲ့ဘူး…
ဒီလဲ ပြန်ရောက်ရော ရာသီဥတု အေးအေးချမ်းချမ်းလေးမို့ နေရတာ အဆင်ကို ပြေလို့ … မြန်မာနှစ်ကူးခါနီးမို့ သင်္ကြန်ရဲ့ အငွေ့ အသက်လား ဘာလားမသိ ၊ ဟော … မပြောမဆို ၀ုန်းဒိုင်း ၀ုန်းဒိုင်းနဲ့ သင်္ကြန်မိုးလား ၊ ဘာမိုးလား လဲ မပြောတတ် ၊ သဲကြီး မဲကြီး ရွာချလိုက်တာ နှစ်ရက် သုံးရက် …
ပြီးလဲ ပြီးရော အပြောင်းအလဲ မြန်လိုက်တဲ့ ရာသီဥတု ချက်ချင်းကြီးကို ပူလာလိုက်တာ … မနေနိုင်အောင် …
ရာသီဥတုတွေကလဲ မှန်းဆလို့ မရအောင် ဖောက်လွဲဖောက်ပြန် …
မှီတင်းနေတဲ့ လူတွေကလဲ ထူးမခြားနား…
အပြောင်းအလဲတွေကလဲ အများအပြား …
ယူတတ်မယ် မြင်တတ်မယ် ဆိုရင် တော့လဲ တရား ရချင်စရာ တွေက အများသား…
မြတ်စွာဘုရား ဟောတဲ့ အနိစ္စသဘော အမြဲ မရှိတာ တွေကလဲ အတိုင်းသား …
အမှန်တရား ဆိုတာတွေ ရှာဖွေရင်း ဖြတ်သန်း လာတဲ့ နှစ်တွေကလဲ မဟားဒရား …
အမှန်တရား ဆိုတာ ဘာတွေလဲ သေချာ မသိသေးခင်မှာပဲ အသေချာဆုံး အမှန်တရား တစ်ခု ကတော့ နှစ်တွေ ကူးပြီးတိုင်း အသက်တွေကြီးလာတာပဲ တွေ့လိုက်ရတယ် …
အင်း … ဒီလိုတွေ ပြောတော့ ခုပဲ တရား ကျနေသလိုလို၊ မနက်ဖြန်ကျရင်ပဲ တရား ရတော့မလိုလို နဲ့ တကယ် တမ်းတော့ ဘာတရားမှ မရသေးသလို ဘာတရားမှလဲ မသိသေးပါလား …
တရားမသိတဲ့ ခန္ဓာကိုယ်ကြီးကလဲ ရာသီဥတုနဲ့ အပြိုင် အပူတွေနဲ့ လောင်မြိုက်နေတုန်းပဲ … အပြင် ကိုတောင် အပူတွေ ထုတ်လွှတ် ပေးနိုင်တဲ့ အစွမ်းတွေလဲ ရှိသေး ...
ဆိုလာတွေလို လျှပ်စစ်စွမ်းအင်များ ထုတ်ပေးနိုင်ရင်လဲ အကောင်းသား ... အပူတွေကြားက အချီကြီး ကြံဖို့ စိတ်ကူးလိုက်သေးတယ် ... အဲလိုမထင်လိုက်ပါနဲ့ ... အမိမြေက " လျှပ်စစ်စွမ်းအား ၊ ပြည်ထွန်းကား " ဆိုတဲ့ ဆောင်ပုဒ်ထဲက အတိုင်း ဖြစ်အောင် တစ်ဘက်တစ်လမ်းကများ ကူညီနိုင်မလား စဉ်းစားမိလို့ပါ ...းP
ဆိုလာတွေလို လျှပ်စစ်စွမ်းအင်များ ထုတ်ပေးနိုင်ရင်လဲ အကောင်းသား ... အပူတွေကြားက အချီကြီး ကြံဖို့ စိတ်ကူးလိုက်သေးတယ် ... အဲလိုမထင်လိုက်ပါနဲ့ ... အမိမြေက " လျှပ်စစ်စွမ်းအား ၊ ပြည်ထွန်းကား " ဆိုတဲ့ ဆောင်ပုဒ်ထဲက အတိုင်း ဖြစ်အောင် တစ်ဘက်တစ်လမ်းကများ ကူညီနိုင်မလား စဉ်းစားမိလို့ပါ ...းP
ဟင် … ဒီလိုဆိုတော့ ကမ္ဘာကြီး တစ်နေ့တစ်ခြား ပူနွေးလာတဲ့ အကြောင်းအရင်းတွေထဲမှာ ကိုယ်တောင် တရားခံ တစ်ယောက် ဖြစ်နေပြီလား မသိးP …..
5 comments:
မလင်းရေ...
ဒီမှာဘဲဝင်နှုတ်ဆက်သွားမယ်နော်...
မင်္ဂလာနှစ်သစ်ပါ မလင်း
ရေတော့လောင်းလို့မရပေမယ့်
နှစ်သစ်မှာ သင်္ကြန်ရေနဲ့အတူ
အေးမြနိုင်ပါစေနော်...
ခင်တဲ့
ခွန်
နစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ ရေလောင်းသွားတယ်
ချမ်းမြေ့သာယာပါစေ။
K
အစ်မလင်းရေ ရေလာလောင်းတယ်နော် ...
ပျော်ရွှင်ပါစေ ...
ညလင်းအိမ်
အစ်မလင်းရေ ရေလာလောင်းတယ် ...
ပျော်ရွှင်ပါစေ ...
ညလင်းအိမ်
Post a Comment