Wednesday 17 February 2010

သက်ဆိုင်သူသို့

                         သက်ဆိုင်သူသို့ ဆိုတဲ့ အတိုင်းပါပဲ သက်ဆိုင်သူသို့ပဲ ရည်ရွယ်ရေးလိုက်တာပါ … အခြား ဘလော့ဂ်ကို လာလည်နေကြတဲ့ ဘလော့ဂ်ဂါမောင်နှမများကို ဒီလိုစာမျိုးပေးဖတ်ရမှာ အားနာပေမဲ့ မတတ်သာလို့ ရေးလိုက်ရပါတယ် … ကိုယ်ဘလော့ဂ်ပေါ်မှာ စာရေးဖြစ်တဲ့ ရည်ရွယ်ချက်ကို ပို့စ်တွေထဲမှာ ကြုံရင်လည်း ထည့်ရေးခဲ့ဖူးပါတယ် … 

                  ကိုယ်ပေါ်ပြူလာဖြစ်ချင်လို့ ဘလော့ဂ်ပေါ်မှာစာရေးနေတာ မဟုတ်ဘူး … လူတိုင်း လူတိုင်းမှာ စိတ်ကူးတွေ ၊ အိပ်မက်တွေနဲ့ ဘ၀ကို ပုံစံအမျိုးမျိုးနဲ့ ဖြတ်သန်းနေကြသူတွေချည့်ပါပဲ … အဲဒီထဲမှာမှ စိတ်ကူးတွေကို လက်တွေ့ အကောင်အထည်ဖေါ်နိုင်တဲ့သူတွေ ရှိသလို ဘ၀နဲ့ ဆန္ဒတွေ အလွဲလွဲ အချော်ချော်နဲ့ ဖြတ်သန်းနေကြသူတွေလဲ အများကြီး ရှိမှာပါ … ကိုယ်လဲ လူထဲက လူမို့ ငယ်ငယ်ထဲက စာရေးစာဖတ်ခြင်း အလုပ်ကိုဝါသနာ ပါဖူးသော်လဲ လုပ်ခွင့်မကြုံလို့ မလုပ်ခဲ့ရတာကို ခုတော့ လုပ်ဖို့ အခွင့်အရေး ကြုံတာကတစ်ကြောင်း (ဘလော့ဂ်ဂါအစ်ကိုတစ်ယောက် စကားငှားပြောရရင် အလကားရလို့ ရေးချင်တာ လျှောက်ရေးသည် ဆိုသလိုပါပဲ …)  ထူးထူးခြားခြား အကြောင်းမရှိလှပါဘူး … 

                      ကိုယ် Professional စာရေးဆရာမ မဟုတ်သလို အပျင်းပြေဆိုပြီးတော့လဲ ပျော်စေ၊ပြက်စေတွေ ရေးနေခဲ့တာ မဟုတ်ဘူး … ကိုယ့်စာတွေက ကိုယ်ပတ်ဝန်းကျင်မှာ ကြုံတာကို ချရေးလိုက်တာပါသလို ကိုယ့်စိတ်ထွက်ပေါက်အနေနဲ့ ရေးတာတွေလဲ ပါမယ် … 

                         ဒါပေမဲ့ သေချာတာကတော့ ကိုယ် ဘလော့ဂ်ပေါ်တက်ပြီး အပျော်ရှာနေတာ မဟုတ်ဘူး … အပျော်ရှာချင်ရင် ဘလော့ဂ်ပေါ်မှာ ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူမှု စိတ်တွေ ကပ်ငြိနေတဲ့ စာရေးခြင်း အလုပ်ကို ဘယ်လုပ်နေမလဲ … G- Talk ပေါ်မှာ Chatting ရိုက်ပြီး ကိုယ်သိတဲ့သူတွေကိုရော မသိတဲ့သူတွေကိုရော ဟုတ်တာတွေရော မဟုတ်တာတွေရော လျှောက်ပြောရင်းနဲ့ ပြောချင်ရာပြော ဖောချင်ရာ ဖောနေမှာပေါ့ … အဲလိုပြောလို့လဲ အဓိပ္ပါယ်တစ်မျိုး လျှောက်မတွေးပါနဲ့ … တခြားသူများကို ပုတ်ခတ်ပြောခြင်းလဲ မဟုတ်ပါ … ကိုယ်တစ်ယောက်တည်းရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်ကို ပြောတာပါ …  

                       အဲဒီတော့ ကိုယ်ဆိုတဲ့သူတစ်ယောက်ကတော့ ဘလော့ဂ်ပေါ်ကို အဲလိုနည်းနဲ့ ရောက်လာခဲ့ပြီး ရိုးသားအေးဆေးစွာ စာရေးနေတာပါ … ဘာဖြစ်ချင်လို့ ဘာအတွက်ကြောင့် ဆိုတာမျိုး ရေးတာမဟုတ်ခဲ့သလို တကယ်ရေးလာတော့ ကိုယ်ရေးတဲ့စာတွေ ကောင်းကောင်း မကောင်းကောင်း လာလည်ရင်း အားပေးကြတဲ့ ဘလော့ဂ်ရေးဖေါ် မောင်နှမတွေရဲ့ ကူညီရိုင်းပင်းမှုနဲ့ ဘလော့ဂ်အသက်လေး ဆက်သွင်းနေဖြစ်ခဲ့တယ်ပြောပါတော့ … 

                      အဲဒါကို ဘယ်လိုအတွေး ဘယ်လိုနားလည်မှုတွေလွဲပြီး ကိုယ့်ကို ဒီပေါ်လာပြီး ပုတ်ခတ်တယ်မသိဘူး … ရေးတဲ့သူတွေကတော့ သူတို့ရေးတာမသိနိုင်ဘူး အထင်နဲ့ ဖြစ်မယ် … ကိုယ်က ဘလော့ဂ်ပိုင်ရှင်ပဲ … IP Address ဖမ်းစစ်လိုက်တာနဲ့ ဘယ်သူတွေ ဆိုတာ ကိုယ်သိတယ်လေ … ကွန်ပျူတာ နည်းပညာဘာသာရပ် အဓိကနဲ့ နိုင်ငံရပ်ခြားမှာ ပညာတော်သင်သွားနေတဲ့ အမောင် ကျောင်းတော်သား တစ်ယောက်ကလဲ ကိုယ်နဲ့ ဘာမဆိုင် ညာမဆိုင် သူများအပြောနဲ့ ၀င်ဖော သွားရှာသေးတယ် … ကိုယ် IP တွေ စစ်လိုက်ရင် သိနိုင်တယ်ဆိုတာ ပညာရှိသတိဖြစ်ခဲ ဖြစ်သွားတယ် ထင်တယ် … 

                        လေးဖြူလဲ အကြောင်းမဲ့ ပြောခဲ့တာတော့ ဟုတ်မယ်မထင်ဘူး … (ဆွေမျိုး အရင်းကြီးတွေ သစ္စာဖောက်တယ်ဆိုတာကိုပေါ့ …) ကိုယ့်အသက် လူ့သက်တမ်းတစ်ဝက်ကျိုးလာခဲ့ပြီ … လူတွေသဘော ခုထိမစောကြောနိုင်သေးတာ ကိုယ်တော်တော်ညံ့လို့ပါ … ကိုယ့်အတွင်းစိတ်ဘာလဲနဲ့ ကိုယ်ဘယ်လို လူမျိုးဆိုတာ ဒါ့ထက်ပိုသိချင်ရင် နဲ့ ဝေဖန်အကြံပေး မေးမြန်းစုံစမ်းချင်ရင် ကိုယ့် မေးလ် အကောင့်ကိုလဲ သိနေတာပဲ … ဒါမှမဟုတ် ဖုန်းနံပါတ်တွေကိုလဲ သိနေတာပဲ …  အချိန်မရွေး ပြောချင်တာ ပြောလို့ရတယ်... သက်ဆိုင်သူရဲ့ သက်ဆိုင်သူကိုလဲ ဖိတ်ခေါ်ပါတယ် … ခြုံခိုတိုက်ခိုက်တယ်ဆိုတာ သတ္တိမရှိသူ ၊သူရဲဘောကြောင်သူတွေရဲ့ အလုပ်ပါ … 

                        ပြီးတော့ ကိုယ်တစ်ခုလောက်လဲ ပြောချင်တယ် … ကိုယ်မလုပ်နိုင်တဲ့ အလုပ်တစ်ခုကိုလဲ ဟန်ဆောင်ပန်ဆောင်နဲ့ တာဝန်မယူပါနဲ့ … မလုပ်ပေးချင်ဘူး ၊ မလုပ်နိုင်ဘူးလို့ ထင်ရင် အစော ကတည်းက တာဝန်မယူပါနဲ့ … ကိုယ်ဆို ကိုယ်မလုပ်နိုင်တာတွေ မလုပ်ချင်တာတွေကို ဘယ်လို ဟန်ဆောင်မှုမျိုးနဲ့မှ မလုပ်ခဲ့ဖူးဘူး … မလုပ်နိုင်လို့ မလုပ်ချင်ဘူးထင်ရင် အရှင်းမလုပ်ခဲ့ဘူး … ဒါပေမဲ့ ခုတော့ ကိုယ်မသိတဲ့ လူ့စိတ်ကို သိလိုက်ရတယ် … 

                        ကိုယ့်အတွက် စိတ်ပျက်သွားစေတာကလွဲရင် ရှော့မရှိပါဘူး … အဲဒီအတွက်လဲ ကိုယ် ဘာတုံ့ပြန်မှုမှ မလုပ်ပါဘူး …စိတ်အေးချမ်းသာစွာနေပါ… ကောင်းခဲ့ဖူးတဲ့ ကောင်းကွက်ကလေးတွေကို ကြည့်ပြီး ကိုယ်နားလည်ပေးလိုက်ပါတယ် … ခုဒီစာကိုလဲ ကိုယ်သိတယ်ဆိုတာ သိစေချင်ရုံပဲ ရေးတာပါ … (ကိုယ့်စိတ်ကလေး ထွက်ပေါက်ပေးတဲ့ သဘောပေါ့ … ) 

                       ရောက်လာလို့ ဖတ်မိတဲ့ ဘလော့ဂ်ရေးဖေါ် မောင်နှမများကိုလဲ ကိုယ့်ရဲ့ အကျိုးမရှိတဲ့ ဒီစာကို ဖတ်ရင်း အချိန်ကုန်စေတဲ့ အတွက် အားနာစေမိတယ် … ဘလော့ဂ်လေးကိုလဲ ကိုယ် စိတ်ကူးပေါက်တဲ့ အခါနဲ့ ရေးစရာရှိတဲ့ အခါ ရေးပါမယ် … ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်ပိုင်ခွင့်ရှိတယ်လေ … ကိုယ့်စိတ်ကို ကိုယ်သာလျှင် အပိုင်ဆုံးပဲမို့လား …

9 comments:

khun said...

သက်ဆိုင်သူသို့ ဆိုလို့
မုန့်ဝယ်လာတာကို အကြောင်းကြားတာများလို့
အပြေးရောက်လာတာ......
ဒီလဲရောက်ရော......

ဘလော့လောကကြီးကတော့
ကြာလာလေ ကြောက်စရာကောင်းလာလေပါဘဲ မရေ။

မလင်းရေးထားသလိုပါပဲ
ကိုယ်ယုံကြည့်ရာကို လုပ်ခွင့်ရှိပါတယ်။

ပျော်ရွင်ပါစေ
ညီမ ခွန်သဒ္ဒါ

maylay said...

သယ်ရင်း ပြန်ရောက်ပြီလား ။ စိတ်မမောနေနဲ့သယ်ရင်းရေ။ အမောမပြေတာတွေလည်း မေ့ပလိုက်နော်။ အင်း နာလည်း သိပ်မရောက်ဖြစ်ဘူး ဒီဘလော့တွေပေါ်။။ ခွန်သဒ္ဒါပြောသလိုပဲ ကြောက်စရာကောင်းလာနေပြီ။ နေပါစေ ကိုယ်နဲ့ကိုယ့်အရိပ်ပဲလိုက်တာ ဘယ်သူမှ လိုက်လို့ရတာမှ မဟုတ်တာ။ သယ်ရင်းလေး စိတ်ရောကိုယ်ပါ ပင်ပန်းနေလောက်ပြီ။ အမောဖြေတော့နော့။ ကျန်းမာပျော်ရွှင်ပါစေ

Anonymous said...

မလင်းရေ ဘာတွေဖြစ်နေလဲဗျာ...
နေကောင်းတယ်နော်...
ဒီလိုပါပဲဗျာ...

ဘယ်လိုလဲတော့ ကျွန်တော်လည်းမပြောတတ်တော့ဘူး..

ပျော်ရွှင်ပါစေ..

လေးစားစွာဖြင့်
ညရဲ့ကောင်းကင်

သူရိန်မင်း said...

ဟမ်....ပေါက်ကွဲလှချေလား :)

နွေဆူးလင်္ကာ said...

သက်ဆိုင်သူသို့ဆိုလို့ ကိုယ်နဲ့များ ဆိုင်မလားလို့ ဖတ်သွားပါတယ်။ မဆိုင်ပေမယ့် ဖတ်ပြီးတော့လည်း မန့်ရတာပေါ့။

~ဏီလင်းညို~ said...

လင်းရေ...
ဘာတွေဖြစ်နေလဲ....
သတိရနေတာဗျ....။
ပြန်ရောက်လာတော့လည်းဖတ်ရတဲ့စာလေးက တစ်မျိုးလေးပဲ....။
ဘာမှ စိတ်ထဲမထားစေချင်ဘူး....။
ဒီလိုပဲ ဖြစ်တတ်တာတွေလို့ မှတ်စေချင်တယ်...။ လောကမှာ ကောင်းတာနဲ့ ဆိုးတာတွေရောနေတယ်လေ....။ သတိပြုမိစေချင်လို့ပါ...။
ဘာပဲဖြစ်ဖြစ် ဘလော့ဂ်မောင်နှမတွေရှိနေသေးတယ်လေ....။ ဟုတ်တယ်ဟုတ်....း)
ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

နင်ဘာတွေဖြစ်နေတာလဲဟေ...
ငါလည်းအိမ်ပြန်သွားလို့ အင်တာနက်နဲ့ အလှမ်းဝေးနေတာ...။ အီးမေးလ်ပို့မလား ..
စိတ်ညစ်ရင်ညစ်။ပြီးရင်ခေါင်းထဲကထုတ်ပစ်သူငယ်ချင်းရေ၊

K

မောင်သီဟ said...

ကိုယ့်လမ်းကိုယ်လျှောက်အစ်မရေ
လမ်းပေါ်မှာချိုင့်တွေ ဗွက်အိုင်တွေရှိရင်ကျော်သွားချေး)
ဒီလိုပါပဲဗျာ ခက်တယ် ခက်တယ်း)
ကျွန်တော်လည်းမပြောတတ်ဖူးရယ်
အစ်မပျော်ရွှင်ပါစေဗျား)

Nyi Nyi said...

အိုး....ရန်ထောင်နေလိုက်တာများ။ အိပ်ရေးပျက်ပါတယ်။ ပြန်အိပ်။ နောက်ကိုထထမကြည့်နဲ့...ကြားလား။