Saturday, 22 August 2009

တမ်းတမိလို့ လွမ်းမိတယ်...

ကျွန်မတစ်ယောက် အခုတလော အတွေးတွေ ငယ်ဘ၀လေးက အိမ်လေးတစ်လုံးဆီကို ခဏခဏ ပြန်ရောက်နေမိတယ်... နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေ ပျံ့နှံ့နေတဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိခဲ့တဲ့
အရိပ်အာဝါသလေး အောက်ကို စိတ်ကူးနဲ့ ပြန်သွားနေရတဲ့ ခဏ အရမ်းအေးချမ်းပြီး အမော
တွေလဲ ပြေနေခဲ့
သလိုပေါ့.....ဘာဆိုဘာမှ အပူအပင်မရှိခဲ့တဲ့ ကာလလေးတွေရယ် ခဏလောက်ပြန်ရချင်မိတယ်...
..
အရမ်းအေးချမ်းတဲ့ မိဘနှစ်ပါးရဲ့ ရင်ခွင်လေးမှာ ခိုလှုံရင်းနဲ့ အစ်ကိုတွေ အစ်မတွေရဲ့ ချစ်စနိုးကျီစယ် နောက်
ပြောင်မှုေ
တွကိုရရှိခဲ့တဲ့နေရာလေးတစ်ခု.....
တစ်ယောက်ကို တစ်ယောက်ချစ်လို့ မ၀နိုင်ခဲ့တဲ့ အရိပ်အာဝါသလေးအောက်မှာ ညနေ ၆း၀၀ နာရီ ထက်နောက်မကျတတ်တဲ့မိသားစု စုံညီထမင်းဝိုင်းလေး တစ်ဝိုင်းရယ် ဘ၀ဆိုတာဘာရယ်လို့ မသိလောက်အောင် ပြည့်စုံနေခဲ့ဖူးတာ.....
ဗုဒ္ဓဘာသာကိ
ု သက်ဝင်ယုံကြည်တဲ့ မိဘနှစ်ပါးရဲ့ ဘုရား၊တရား ရိုသေကိုင်းရှိုင်းတတ်အောင် ဆုံးမ သွန်သင်မှုတွေ အောက်မှာ နေသားတကျ ရှိခဲ့တဲ့ ဘ၀လေးတစ်ခုရယ် အစ်ကိုတွေ အစ်မတွေကို ချစ်ခင်လေးစား
ရိုသေတတ်အောင် သွန်သင်ဆုံးမထားလို့ ရယူလိုက်နာတတ်တဲ့ ဘ၀လေးတစ်ခုရယ် ရရှိထားတာ ကျွန်မအဖို့တော့ အဲဒီအိမ်လေးပေါ်က
ရထားတဲ့ အဖိုးမဖြတ်နိုင်တဲ့ အရာလေးတွေပါ.....
သားသမီးတွေအပေါ် အရာရာကို အရိပ်တကြည့်ကြည့် လိုတာတွေကို ဖြည့်စည်းပေးဖို့ ၀န်မလေး
သလို စည်းကမ်းတန်ဖိုး နားလည်စေချင်လို့ ချစ်ခြင်းတွေကို ရင်ထဲမှာထားပြီး အလျှော့မပေးတတ်တဲ့ ဖေဖေ့မျက်နှာထားတင်းတင်းရယ်.....
သားသမီးတွေနဲ့အပြိုင် သူလဲ သားသမီးတွေကိုယုယသလို အမြဲ ယုယခံချင်ပြီး ဖေဖေ့ကို အမြဲပဲ နွဲ့ဆိုးဆိုးဖို့စဉ်းစားနေတတ်ခဲ့တဲ့မေမေရယ်.....
ရှိနေခဲ့တဲ့ အိမ်လေးတစ်လုံးမှာ ဖေဖေသာလျှင် အဖေဖြစ်ခဲ့သလို ဖေဖေသာလျှင် အမေဖြစ်ခဲ့တဲ့ နေရာလေးတစ်ခုပါ.....
အတန်းပညာတွေကို
လဲ သူများရဲ့ ထိပ်ဆုံးမှာ ရှိနေစေချင်ခဲ့သလို လူမှုပတ်ဝန်းကျင်မှာလဲ သူများထက် နောက်မကျစေချင်တဲ့ မိဘရဲ့ မေတ္တာစေတနာတွေ ပြည့်နှက်နေခဲ့တဲ့အိမ်ကလေး.....
နေမင်းကြီးသာသလို နွေးထွေးမှုတွေ ရရှိပြီး လမင်းကြီးသာသလို အေးချမ်းမှုတွေ ရရှိစေနိုင်တဲ့ အိမ်ကလေး
တစ်လုံးဆီကို ရောက်သွားလိုက်တာ အတွေး
ထဲမှာတော့ ခဏခဏပေါ့.....
အတွေးထဲမှာပဲ သွားဖို့ဖြစ်နိုင်တော့တဲ့ အိမ်ကလေး.....
လက်တွေ့မှာ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အိမ်ကလေး.....

ဒီအိမ်ကလေးအစား အိမ်ကလေး တစ်လုံး အစားထိုးဆောက်နေမိပြန်တယ်.....
ခုအဲဒီအိမ်လေးကို မှောင်မိုက်တဲ့ ညတွေထဲမှာ စိတ်ကူးဖရိုဖရဲတွေကို ကြမ်းခင်းချနင်းလို့ အိမ်ကလေးပေါ် ဒယီးဒယိုင် လျှောက်နင်းပြီး လင်းလက်တဲ့ ကြယ်စင်လေးများ တွေ့လိမ့်နိုးမျှော်လင့်ရင်း တက်လာနေမိပြီ.....
အဲဒီ အိမ်ကလေးက လင်းကြယ်စင် ဆိုတဲ့ အိမ်ကလေး ဖြစ်နေမလားပဲ.....
ကြယ်စင်လေးရေ လင်းလက်လို့ ကျွန်မဘ၀ကို ကူညီလမ်းပြပါ......

3 comments:

Unknown said...

နင်တို့အိမ်ကို လာလည်ခွင့်ရခဲ့တဲ့ 2 ရက် 3ရက်အချိန်လေးကို ငါမမေ့ဘူး...။ အုတ်နံရံခိုင်ခိုင်ထူထူကြီး၊ ပြူတင်းပေါက် အမြင့်ကြီးတွေ၊ အိမ်အကျယ်ကြီး.. ငါတို့ ညအိပ်ခဲ့တဲ့အပေါ်ထက်နေရာ၊ ရေချိုးတဲ့ အုတ်ကန်လေးရော၊ ရှပ်အကျီင်္လျှော်လို့ ရေခါရင် အောက်နားက ကိုင်ပြီးခါရတယ်၊ ကော်လာက ကိုင်ပြီးရေခါရင်၊ ကျောတက်ချုပ်ရိုးခဏပဲပြုတ်သွားတတ်တယ်လို့ နင်တို့အိမ်မှာ ငါ့ကို ကိုငှက် သင်ပေးလိုက်တာတောင်မှတ်မိတယ်။
နင့်သူငယ်ချင်း ငါတို့တွေကို တကယ့်ဆွေမျိုးရင်းချာလို ဖော်ရွေခဲ့တဲ့ နင့်မိသားစု အားလုံးကို ငါလည်းလွမ်းတယ်...။

Unknown said...

ဒီပို့စ်က ၂ ခုထပ်နေတယ်.. တစ်ခု ဖျက်ပစ်ရမယ်ထင်တယ် သူငယ်ချင်း

လင်းကြယ်စင် said...

ဟိတ်..
နင်ရောက်လာပြီး အားပေးတာ ၀မ်းသာတယ်..သူငယ်ချင်း...
နှစ်ခုထပ်နေတာက ငါ့ ဆိုဒ်ကို ကလိနေလို့..နင်ရောက်တဲ့အချိန် အဆင်မပြေတာ
လေးတွေကို သည်းခံပါ..အသစ်ကလေးမို့ပါ..
ပြီးတော့ ရေးထားတာတွေအားလုံးကို ငါ့အကြောင်းချည့်ထင်မနေနဲ့နော်..
စိတ်ကူးယဉ်တာတွေလဲပါတယ်...