ခုတလော You Tube မှာ 2012 ခုနှစ်ဆိုရင် ကမ္ဘာကြီးပျက်တော့မယ် ဆိုတဲ့ သတင်းတွေ ပလူ ပျံနေပါတယ် … တစ်ခါ အဲဒီသတင်းပေါ် မူတည်ပြီး ယုံကြည်မှု ရှိ ၊ မရှိ ဆို တဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားတဲ့ ဘလော့ဂ်လေးတွေကိုလဲ ဖတ်ရပြန်တယ် … အဲဒီကနေမှ ဘလော့ဂ်လောကရဲ့ တဂ်ခေါင်းစဉ်အောက်မှာ ကမ္ဘာကြီး ပျက်သွားခဲ့ရင် ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ခါ ထပ်တပ်ပြီး အမေး ၊ အဖြေ ပုံစံလေးတွေ ရေးထား ကြတာလဲ ဖတ်ရပြန်ပါတယ် … အဲဒီ သတင်းနဲ့ ပတ်သက်ပြီးတော့တော့ ကျွန်မ သေချာမသိပါဘူး … အတိအကျ ဖတ်ထားရတဲ့ သတင်းတစ်ခုကိုပဲ အခြေခံပြီး ကျွန်မနားထောင်ဖူးတဲ့ တရားတွေထဲက နားထဲစွဲနေခဲ့တဲ့ အကြောင်းအရာလေးတွေကို ဆက်စပ်ရေးလိုက်မိပါတယ် … ကျွန်မ ဖတ်ရတဲ့ သတင်းကတော့ ကျွန်မတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအဖို့ အရမ်းပဲ ဂုဏ်ယူ ၀မ်းမြောက်စရာ ကောင်းပါတယ် ... ယခုနှစ် အတွက် ကမ္ဘာ့အကောင်းဆုံး ဘာသာ ရေးဆုကို “ ဗုဒ္ဓဘာသာ ” က ရရှိတယ် ဆိုတဲ့ သတင်းလေးပါ … International Coalition for the Advancement of Religious and Spirituality (ICARUS) အဖွဲ့က ပေးအပ်တဲ့ ကမ္ဘာ့အကောင်းဆုံး (သို့မဟုတ်) လွတ်လပ်မှု အရှိဆုံး ဘာသာရေးဆုကို “ ဗုဒ္ဓဘာသာ” အဖွဲ့အစည်းက ရရှိခဲ့ပါတယ် … သတင်း အပြည့်အစုံ ဖတ်ချင်ရင် ဒီဆိုက်ကလေးမှာ သွားဖတ်ကြည့်နော်… ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ၊ သာသနာဆိုတော့လဲ ဂုဏ်ယူ စရာပေါ့နော် ….. တကယ်လဲ ကျွန်မတို့ ဘာသာဟာ အခြေအမြစ် ခိုင်ခိုင်လုံလုံနဲ့ ရပ်တည် ပေါ်ပေါက်ခဲ့တာပါ … ကျွန်မတို့ ဗုဒ္ဓရဲ့ တရားတော် များဟာ သိပ္ပံနည်းပညာနဲ့ ယှဉ်ရင်လဲ လက်ခံနိုင်ဖွယ် ရှိကြောင်း သိပ္ပံပညာရှင်တွေရဲ့ ထောက်ခံချက်တွေကို ဖတ်ရသလို ကမ္ဘာ့အကျော်အမော် ပုဂ္ဂိုလ်များက ထောက်ခံတာတွေကိုလဲ တွေ့ရ ပါတယ် … အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ်တစ်ဦး ဖြစ်ခဲ့တဲ့ နေရူးဟာ ကမ္ဘာ့ကုလသမဂ္ဂမှာ ပြောတဲ့ မိန့်ခွန်းထဲမှာ ဗုဒ္ဓလမ်းစဉ်တွေကို ထည့်ပြောခဲ့ဖူးပါတယ် … ဒီမိုကရေစီ ဆိုတာ ဗုဒ္ဓ၀ါဒက စခဲ့တာ လို့ ဆိုပါတယ် … အိန္ဒိယ၀န်ကြီးချုပ်နေရူးက “ ဟောဒီ ကမ္ဘာလောကကြီးကို Socialism လို့ခေါ်တဲ့ လူမှုရေးသိပ္ပံ ( လူမှု ၀ါဒီကြီး ) နဲ့ တည်ဆောက်ရင် တည်ဆောက် ၊ မတည်ဆောက်ရင် ဗုဒ္ဓလမ်းစဉ်က ဟောကြားတဲ့ တရားတော်များနဲ့ တည်ဆောက် ပြီး နိုင်ငံအသီးသီးက ကျင့်သုံးရင် ဒီကမ္ဘာကြီးဟာ စစ်ပွဲတွေ အလိုလို ရပ်သွားပြီး ဟောဒီ (UN ) လို့ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ အစည်းကြီးတောင် မလိုအပ်တော့ပါဘူး ..” ဆိုပြီး (UN) မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုက မိန့်ခွန်း ထဲမှာ ထည့်ပြောသွားဖူးကြောင်း သူ့မှတ်တမ်းထဲမှာ ဖတ်ရပါတယ်တဲ့ … (ကျွန်မကတော့ ဆရာတော် ဦးကောသလ္လ (ဓမ္မစေတီ ဆရာတော် ) ဟောတဲ့ ထေရ၀ါဒတရား ပွဲဆိုတဲ့ တရားတွေထဲမှာ နားထောင်ဖူးတာ ကို မှတ်မိသလို အဆင်ပြေအောင် ရေးထားတာပါ … ) နောက် တစ်ယောက်က (Men of Century ) မှာ ကမ္ဘာ့စိတ်အ၀င် စားခံရဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ကမ္ဘာ့ သိပ္ပံပညာရှင်ကြီး ( Albert Einstein ) အဲလ်ဗတ် အိုင်းစတိုင်း မသေခင် ပါမောက္ခကြီးတွေနဲ့ အမေး ၊ အဖြေ လုပ်ခဲ့တဲ့ အကြောင်း အရာလေးတွေပါ … ပါမောက္ခကြီးတွေက မေးပါတယ် … “ တတိယ ကမ္ဘာစစ်ကြီးကို ဘယ်နိုင်ငံက စပြီး ဘယ်လို အခြေ အနေ ၊ ဘယ်လို အချိန်မျိုးမှာ ဖြစ်နိုင်ပါသလဲ … ကြိုတင် ဟောကိန်း ထုတ်ပေးပါ …” ဆိုတော့ အိုင်းစတိုင်းက “ တတိယကမ္ဘာစစ် ဘယ်အချိန်ဖြစ်မယ် ဆိုတာတော့ ငါလဲ မသိဘူး … အကယ်၍ စတုထ္တ ကမ္ဘာစစ်ကြီး များ ဖြစ်ရင် လူတွေက လက်သီးနဲ့ပဲ ထိုးကြပြီး လက်နက်တွေ မသုံးကြတော့ဘူး …” လို့ ပြောပါတယ် … ဘယ်လို ဘာသာစကား (Language) ကို သုံးမလဲ ဆိုတော့ “ အင်္ဂလိပ်ဘာသာစကား တစ်မျိုးတည်း ကိုပဲ တစ်ကမ္ဘာလုံးက ၀ိုင်းသုံးလာကြလိမ့် မယ် …” ဘယ်လို ဘာသာရေးကိုပဲ ၀ိုင်းပြီး ကိုးကွယ် ကြမလဲ ဆိုတော့ “ အဲဒီ ဘာ သာစကားကိုပဲ လူတွေ ၀ိုင်းပြီး စုပြောလာတဲ့ တစ်နေ့ကြရင် စကြ၀ဠာ ဘာသာကြီး ဆိုတာ ပေါ်ပေါက်လာ လိမ့်မယ် … အဲဒီ ဘာသာဟာ “ ဗုဒ္ဓဘာသာ” ဖြစ်လိမ့်မယ် … လူတွေရဲ့ သိချင် ၊ တတ်ချင်တဲ့ စိတ်တွေ၊ ငြိမ်းချမ်းချင်တဲ့ စိတ်တွေက အဲဒီ ဗုဒ္ဓဘာသာထဲမှာပဲ ရှာဖွေ တွေ့ရှိလိမ့်မယ်…” လို့ ကမ္ဘာ့သိပ္ပံပညာရှင်ကြီးက ပြောခဲ့ တာပါ … အဲဒီ အချိန်က အိုင်းစတိုင်းဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောခဲ့ဖူးတာလေး တစ်ခုလဲ ဖတ်ရတာ ရှိတယ် … သူဟာ ဘာသာတရား အားလုံးကို လေ့လာခဲ့ သူပါတဲ့ … ဒါပေမဲ့ ဘယ် ဘာသာကိုမှ မကိုးကွယ်ပဲ ဘာသာမဲ့ တစ်ယောက်အဖြစ် နေထိုင်ခဲ့သူပါတဲ့ … အကယ်၍ မဖြစ်မနေ ဘာသာတစ်ခုကို ကိုးကွယ်ရမယ် ဆိုရင် တော့ “ ဗုဒ္ဓဘာသာ ” ကိုပဲ ကိုးကွယ်ပါ့မယ် တဲ့ … ဘာလို့လဲ ဆိုတော့ ဗုဒ္ဓဘာသာ မှာ “ What , Where , When , Why ” ဆိုတာတွေကို အဖြေ အတိအကျ ပေးနိုင် လို့ပါတဲ့ … ကမ္ဘာ့သိပ္ပံ ပညာရှင်ကြီးက သိပ္ပံနည်းကျပါ လေ့လာပြီး ပြောသွားတဲ့ စကားတွေပါ … အဲလို ခန့်မှန်းချက်တွေကို ကြားရပြီး ကျွန်မ ကြည့်ရတဲ့ သတင်းထဲမှာကလဲ ကမ္ဘာ့အကောင်းဆုံး ဘာသာရေးဆုကို “ဗုဒ္ဓဘာသာ” က ရရှိလေတော့ နီးစပ်တာလေးတွေ ကျွန်မ စဉ်းစား မိတာပါ … အခု ရေးတာတွေ အားလုံးဟာ ဓမ္မစေတီ ဆရာတော်ရဲ့ တရားတွေ ထဲမှာ နားထောင်ဖူးတာပါ … တချို့အကြောင်းအရာတွေ လွဲနေခဲ့ရင်လဲ ကျွန်မ နားကြားမှားတာပဲ ဖြစ်မှာပါ … ဆရာတော်က အဲဒီအကြောင်း အရာတွေ ဟောပြီး အနှစ်ချုပ်လိုက်တော့ ခု “ ဗုဒ္ဓဘာသာ ” ဆိုတာ ကိုယ်ပိုင် ပစ္စည်း ပါတဲ့ … အိုင်းစတိုင်းပြောတဲ့ တစ်ချိန်များ ရောက်လာခဲ့ရင် အဲဒီအချိန်ကျမှ ကိုယ့်ကိုယ်ပိုင် ပစ္စည်းကို သူများ နားကနေပြီး တဆင့် လက်ဝေခံ ယူသုံးရတဲ့ ဘ၀မျိုး မရောက်စေချင်ဘူး … ဆိုတာနဲ့ တရားလေးကို အဆုံးသတ်ထားပါတယ် … တကယ်လဲ ကျွန်မတို့ ဗုဒ္ဓဘာသာတွေ အင်အားချည့်နဲ့ လာတဲ့အကြောင်း ခုလို ထပ်ပြောထားပါတယ် … ကမ္ဘာ့လူဦးရေ သန်းပေါင်း ၂၄၀၀ လောက်ပဲ ရှိစဉ်အခါက ဗုဒ္ဓဘာသာက သန်း ပေါင်း ၈၅၀ လောက်ဆိုတော့ ကမ္ဘာ့လူဦးရေရဲ့ ၃ပုံ၁ပုံလောက် ရှိနေခဲ့ရာကနေ ခုကမ္ဘာ့လူဦးရေ သန်ပေါင်း ၆၀၀၀ လောက်ရှိလာစဉ်မှာ ခရစ်ယာန် က သန်း ၁၈၀၀ ၊ အစ္စလာမ်က သန်း ၁၀၈၀ ၊ ဟိန္ဒူ ဘာသာဝင်က သန်း ၉၈၀ လောက် ရှိပြီး ဗုဒ္ဓ ဘာသာကတော့ သန်း ၄၀၀ လောက်ပဲ ရှိပါတော့တယ်တဲ့ … အဲဒီသန်း ၄၀၀ ထဲမှာ မှ ထေရ၀ါဒ ဗုဒ္ဓဘာသာက ၁၇၅ သန်းလောက်ပဲ ရှိပါတယ် … အဲဒီထဲကမှ PURE ထေရ၀ါဒကို စစ်တမ်းကောက် မယ်ဆိုရင် ၇၀ နဲ့ ၈၀ ကြား လောက် ပဲ ရှိလိမ့်မယ်လို့ ဆိုပါတယ် …
( အင်း … ကျွန်မ ကိုတော့ ပြောချင်လိမ့်မယ် … ဘုန်းကြီးကျောင်းလေး နှစ်ခေါက် လောက် ရောက်တာ နဲ့ ဘာသာရေးကို ကြီးကြီး ကျယ်ကျယ် ၀င်ဆွေးနွေး နေတယ် ဆိုပြီး … ပြောရင်လဲ ခံဖို့အသင့်ပါ … တကယ်လဲ ကျွန်မကိုယ်တိုင်က ဘာမှ ဖြစ်ဖြစ်မြောက်မြောက် သိလို့ တတ်လို့ ရေးထားတာ မဟုတ်ပါ … ကျွန်မ ကြည့်ရတဲ့ သတင်းလေးကို အားရ၀မ်းသာဖြစ်ပြီး ကျွန်မ ကြားဖူးတာလေးတွေ ဆက်စပ်လို့ ဗုဒ္ဓဘာသာ ဖြစ်ရတာ ဂုဏ်ယူစရာ ကောင်းတာလေးကို ပြောချင်တာ အဓိကပါ … ဘာသာရေးကို စိတ်ဝင်စားတဲ့ မိဘများက မွေးဖွားပေးခဲ့လို့ မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်လာရပြီး ကိုယ်တိုင်လဲ စိတ်ဝင်စားမိလို့ အနဲအပါး နားထောင်မိတဲ့အခါကျတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်လာရတဲ့ ဘ၀ကို ဂုဏ်ယူတတ်ရုံ အဆင့်ပဲ ရှိပါသေးတယ် … ဗုဒ္ဓဘာသာကိုမှ မိရိုးဖလာ မဟုတ်ပဲ ကိုယ်တိုင်က တကယ် ယုံကြည်သက်ဝင်တဲ့ PURE ထေရ၀ါဒ ဗုဒ္ဓဘာသာတွေ ဖြစ်ကြရင် ကမ္ဘာကြီးပျက်မယ်ဆိုလဲ ဘာပူစရာလဲ .. နော … ရင်ထဲမှာ ဘုရားတည်ထားပြီးရင် ဘာတွေပဲ ဖြစ်လာ ဖြစ်လာ ဘာမှ သိပ် စိုးရိမ်စရာ မရှိတော့ဘူးလို့ ကျွန်မတော့ ထင်မိတယ် … )
အားလို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ အကြောင်း ထပ်လေ့လာကြည့် ချင်တယ်ဆိုရင် ဓမ္မစေတီဆရာတော် ဦးကောသလ္လရဲ့ တရားတွေကို ဒီဆိုဒ်ကလေးမှာ ဒေါင်းချင်လဲ ရတယ် … မဒေါင်းပဲ နားထောင်လို့လဲ ရတယ် နော် … အားလုံးပဲ ကျွန်မ သူငယ် ချင်းတွေ ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ …